Episode 31

640 126 6
                                    

အပိုင်း ၃၁

Zawgyi

အဖြစ်အပျက်တွေက ဇောက်ထိုးမိုးမျှော်တွေ ဖြစ်သွားခဲ့တယ်။

အံ့အားသင့်နေတဲ့ အမူအရာနဲ့ မျက်မှောင်ကြုံ့လို့ တာ့ကွေ့ကို ရှောင်းလီ သေနတ်နဲ့ ချိန်ထားတယ်။

" မင်း ဘာပြောလိုက်တယ်။ "

လက်နှစ်ဖက်ကို လေထဲမြှောက်ထားရတာတောင် တာ့ကွေ့ကတော့ အေးအေးလူလူပင်။ ပါးစပ်မှာ ကိုက်ထားတဲ့ စီးကရက်ကိုတောင် ရှိုက်နေသေးတယ်။

" မင်းကို သေနတ်ချလိုက်လို့ ငါပြောတယ်လေ။ ငါတို့က အခုတစ်ဖွဲ့တည်း ဖြစ်သွားပြီ။ ငါပြောတဲ့ထဲက ဘယ်ဟာကိုမင်းနားမလည်တာရှိလဲ "

" ဘယ်ဟာမှ နားမလည်ဘူး "

ရှောင်းလီ အေးစက်စွာ ပြန်ပြောရင်း သေနတ်ကို တာ့ကွေ့ဆီပိုတိုးလို့ ချိန်လိုက်တယ်။

တာ့ကွေ့ကတော့ သူ့ကို လှောင်ချင်ပြောင်ချင်သလို ကြည့်နေတယ်။

" ငါ ဒီမှာ တုပ်တုပ်မလှုပ်ပဲရပ်နေမှာမလို့ မင်း လီရှီချင်းကို ဖုန်းဆက်ပြီး မေးကြည့်လိုက်ပါဦး။ "

ရှောင်းလီ သူ့မျက်လုံးတွေထဲ လိမ်နေတာလား တကယ်လားဆိုတာ အကဲခတ်ဖို့ ခဏစိုက်ကြည့်လိုက်ပြီးနောက် ညာလက်က သေနတ်ကို ကိုင်ထားကာ ဘယ်လက်က ဖုန်းကိုထုတ်ဖို့ပြင်တယ်။ ထို့နောက် လီရှီချင်းနံပါတ်ကို ခပ်မြန်မြန်ပဲ ခေါ်လိုက်တယ်။

ထိုအချိန် တာ့ကွေ့ရဲ့ တပည့်တစ်ယောက်က ရုတ်တရက် ရွေ့လာလို့ ရှောင်းလီလက်ထဲကသေနတ်ကို တာ့ကွေ့နဖူးနဲ့ ထိကပ်တဲ့အထိ ထားထားလိုက်တယ်။

တာ့ကွေ့က ခေါင်းကို အသာနောက်ဆုတ်လျက် ရွှတ်နောက်နောက်နဲ့

" စိတ်မပူနဲ့နော်။ ငါ့ညီအစ်ကိုတွေက ငါ့စကားကို လိမ်လိမ်မာမာ ဘယ်လိုနားထောင်ရမယ်ဆိုတာ အကုန်သိတယ်။ "

အဲ့ဒီအချိန်မှာပဲ တစ်ဖက်မှာ ဖုန်းဝင်သွားလို့ တာ့ကွေ့တစ်ယောက်တည်းကိုသာ စိုက်ကြည့်ကာ ဖုန်းပြောဖို့လုပ်လိုက်တယ်။

" ရှောင်းလီ.. "

ဒါက လျို့ကျီးချန်ရဲ့ အသံ။

Lawless Gangster (Myanmar Translation)Dove le storie prendono vita. Scoprilo ora