Episode 36

482 134 18
                                    

ိအပိုင်း ၃၆

Zawgyi

ချီရှို့ယွမ် ခွင့်ယူလိုတာကြောင့် ကျောင်းအုပ်ကြီးထံ ခခယယ ဖုန်းဆက်ပြီးတောင်းဆိုလိုက်ရတယ်။ ထို့နောက် မနက်စာလို့မဆိုသာသော နေ့လည်စာနဲ့ ဆေးရုံတက်ချိန် သုံးဖို့ လိုလိုမယ်မယ် ပစ္စည်းပစ္စယတို့ ဝယ်ရန်ထွက်လာလိုက်တယ်။ ဝယ်ခြမ်းပြီးနောက် ပစ္စည်းအစုံကို လက်က ကိုင်လို့ ဟန်ကျားအခန်းဆီ ပြန်ဖို့လုပ်တယ်။

ဟန်ကျားက အသက်အန္တာရယ်မစိုးရိမ်ရတော့ပေမယ့် ယခုထိ သတိပြန်မလည်သေး။ ရှောင်းလီ ဟန်ကျားရဲ့ကုတင်ဘေးမှာထိုင်ကာ ဟန်ကျားရဲ့ ဖြူဖျော့နေတဲ့မျက်နှာကိုငေးကြည့်ရင်း အတွေးတို့ထဲ နစ်မြုပ်နေတယ်။

ချီရှို့ယွမ် အခန်းထဲ တိတ်တဆိတ် ဝင်လာကာ ဝယ်လာတဲ့ပစ္စည်းတို့ကို ခုံပေါ် အသာတင်လိုက်တယ်။ ရှောင်းလီရဲ့ ထိုပုံစံကိုမြင်ရတာနဲ့ ချီရှို့ယွမ်လည်း မပြောပဲမနေနိုင်ဖြစ်ရတယ်။

" မင်းတို့.... မင်းတို့က တကယ့်ကို.... သူငယ်ချင်းကောင်းတွေပဲ။ "

ရှောင်းလီက ခပ်ရေးရေးလေးပြုံးလိုက်သော်ငြား ဘာမှတော့ပြန်မပြော။

ချီရှို့ယွမ် နှလုံးသားထဲ ဘာရယ်လို့ပြောပြလို့မရတဲ့ အရှုံးတစ်ရပ်ကို ချိတ်ဆွဲခံလိုက်ရတယ်။ ကုတင်ပေါ်ရှိ ဟန်ကျားကို တစ်ချက်ကြည့်လိုက်ကာ ဘာစကားမှပြောမနေတော့ပဲ သူဝယ်လာတဲ့ အင်္ကျီကို ရှောင်းလီထံ ကမ်းပေးလိုက်တယ်။

ရှောင်းလီ အင်္ကျီကို ထယူကာ ရေချိုးခန်းဆီသွားပြီး သွေးစွန်းနေတဲ့ အင်္ကျီကို ချွတ်လို့ လုံးချေကာ အမှိုက်ပုံးအောက်ထဲထိရောက်အောင် ထိုးထည့်ပစ်လိုက်တယ်။ ထို့နောက် သူ့ကိုယ်အပေါ်ပိုင်းမှာ ပေရေနေတဲ့ သွေးတွေကို တစ်ရှူးအစိုဖြင့် သုတ်ကာသန့်ရှင်းလိုက်ပြီးနောက် ချီရှို့ယွမ်ဝယ်လာတဲ့ အင်္ကျီကို ဝတ်တယ်။

သူပြန်ထွက်လာတော့ ချီရှို့ယွမ်က မနက်စာစားဖို့ စားပွဲမှာထိုင်စောင့်နေတာကို တွေ့လိုက်ရတယ်။ သူ့လက်ထဲ ဘာမှပြန်ပါမလာတာကိုတွေ့လိုက်လို့ ချီရှို့ယွမ်က

" မင်းအဝတ်တွေရော "

" ပစ်လိုက်ပြီ "

ချီရှို့ယွမ် ရှောင်းလီကို လှမ်းကြည့်ပြီ ရုတ်တရက် ပြုံးလိုက်ကာ

Lawless Gangster (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon