일회

1.1K 74 8
                                    

시작...

"ဟိုဝိုင်းက blazerအညိုနုဝတ်ထားတဲ့
သူပေါ့ စီးပွါးရေးမေဂျာက ပတ်ဆောင်းဟွန်းဆိုတာ" စီနီယာအစ်မညွှန်ပြရာကို ကြည့်ရင်း ဂျယ်ယွန်းစဉ်းစားမိတာက "ထိုလူတော်တော်ချောတာပဲ"

"အစ်မပြောပြမယ် ဒီတက္ကသိုလ်တစ်ဝင်းလုံး ပတ်ဆောင်းဟွန်းဆို မသိတဲ့သူကို မရှိဘူး မရှိဆို သူ့ရုပ်ရည်ကို မမှတ်မိစရာလား"

"သူ့မှာလေ ရည်းစားတွေဘာတွေ မရှိဘူးလားဟင်"
"ရှိမှာပေါ့ဟဲ့ ဒီလောက်ချောတာကို မရှိစရာလား"

ဂျယ်ယွန်းရှေ့က ကောင်မလေးနှစ်ယောက်ပြောတာကို နားထောင်ရင်း ကြက်ဥလိပ်တစ်ဖက် ကောက်ဝါးလိုက်တယ်။

"ရည်းစား?? ပတ်ဆောင်းဟွန်းမှာ official ရည်းစားရယ်ဆိုပြီး မရှိဘူး။ ရည်းစားစကားလာပြောတဲ့သူ ဘယ်သူ့ကိုမဆို သူလက်ခံပေးတယ်"

"လူထူးလူဆန်းပဲ" ဂျယ်ယွန်းတွေးရင်း နောက်ဆုံးလက်ကျန် ကြက်ဥလိပ်ကို တူနဲ့ညှပ်လိုက်တဲ့အချိန် နောက်တူတစ်စုံ....

"မင်းက ကြက်ဥလိပ်ကြိုက်တာလား ဘယ်လိုလုပ်မလဲ ကိုယ်လည်းကြိုက်လို့ လာယူတာ ကိုယ်တို့ဝိုင်းမှာ ကုန်ပြီလေ"

မော့ကြည့်လိုက်တော့ ထိုသူ....ပတ်ဆောင်းဟွန်း....

"အာ စီနီယာ စားချင်ရင် ယူသွားလိုက်ပါ ကျွန်တော် အများကြီးစားပြီးနေပြီ" ဆိုဂျူအရှိန်ကြောင့် ဂျယ်ယွန်းပါးလေးဟာ နီရဲလျက်

ဂျယ်ယွန်းဖြစ်နိုင်ရင် ထိုသူနဲ့ မပတ်သက်ချင် အခုကြားရသလောက် ရုပ်ချောတာကလွဲရင် ကောင်းကွက်တစ်ကွက်မှ မရှိ

"အင်း ကျေးဇူးပဲ"

ဆောင်ဟွန်း ပန်းကန်ယူကာ ပြန်လာရင်း သူကိုယ်တိုင်ပင် မသိလိုက်ခင် ပြုံးမိသွားတယ် "မင်းက ချစ်ဖို့ကောင်းတယ်"

— 선택 —

ဒီနေ့မှ ဂျယ်ယွန်းတို့ freshmanတွေ စာစသင်ရမယ်နေ့....အရင်အပါတ်က ကျောင်းစတာမှန်ပေမယ့် MT လုပ်တာနဲ့ ကျောင်းနဲ့ အသားကျအောင် လုပ်တာနဲ့ ဒီနေ့မှ အတန်းတွေစမယ်လေ

Choice (선택) [ HIATUS ]Where stories live. Discover now