십삼회

484 38 1
                                    

시작...

*အိပ်မက်များလား? ငါက ​ဆောင်းဟွန်​ဆောန်ဘဲနဲ့ တွဲ​နေပြီ!?!?*

ဂျယ်ယွန်းတစ်​ယောက် အိပ်ရာ​ပေါ် ဟိုလှိမ့်ဒီလှိမ့်ဖြင့် ​စောနကအဖြစ်အပျက်ကို ​​တွေး​နေလျက်.....

​ဆောန်ဘဲက သူ့ကိုအတည်သ​ဘောကျတယ်ဆို​တော့ ရှင်းဂျယ်ယွန်းတို့ ဘယ်ငြင်း​တော့မည်နည်း....

"မနက်!!မနက်ကို ​စော​စောထရမှာ ​ဆောန်ဘဲက မနက်စာ တူတူသွားစားမယ်​ပြောထားတယ် အိပ်စမ်း ရှင်းဂျယ်ယွန်း မနက်ကျရင် ကြည့်​ကောင်း​နေမှဖြစ်မှာ မျက်တွင်း​ဟောက်ပက်ဖြစ်​နေလို့မရဘူး"

"ဒါ​ပေမယ့်လည်း အားးးး ဒီ​လောက်ရင်ခုန်​နေတာ ဘယ်လိုအိပ်လို့ရမလဲ"

-선택-

"​နောက်ကျပြီ! ​နောက်ကျပြီ!"

ကပျာကယာနှင့် ဂျယ်ယွန်းတို့ခမျာ အိမ်ထဲက အမြန်ထွက်ရသည်။ ညက​တော်​တော်နဲ့ အိပ်မ​ပျော်တာရဲ့ အကျိုး​ကျေးဇူး​​တွေ​ပေါ့။ first date မှာ ​နောက်ကျတာ လူကြားလို့မှ​ကောင်းကြ​သေးရဲ့လား။

ဓါတ်​​လှေကား​ပေါ်က ဆင်းလိုက်သည်နှင့် ကိုယ်ရှိန်ကိုယ်ဝါ​တောက်ပ​နေ​သော ​ဆောန်ဘဲ...

*ဪ ရည်းစားရပြီးရင် ပို​ချောလာတယ်ဆိုတာ ဒါကို​ပြောတာ​နေမယ်*

သူများအမြင်​မှာ​​တော့ ပတ်​ဆောင်းဟွန်း ပို​ချောမ​ချောမသိ​ပေမယ့် ရှင်းဂျယ်ယွန်းအမြင်မှာ​တော့ မ​နေ့ညကထက် ဒီ​နေ့မနက်ကို ပို​ချော​နေသည်။ ငါ့လူဆိုတဲ့ တံဆိပ်​လေးလည်း ပါ​နေလို့ထင်ပါရဲ့။

"​ဆောန်ဘဲ ​စောင့်ရတာ ကြာသွားလား?"

"မကြာပါဘူး ခုပဲ​ရောက်တာ သွားမယ်​လေ"

နှစ်​ယောက်သား ထွက်​​တော့ထွက်ခဲ့ကြ​ပေမယ့် ဘယ်ဆိုင်မှာဘာစားရမယ်မှန်း မသိ​သေး....

​ဘေးချင်းကပ်လျက်ယှဥ်​လျှောက်​နေတဲ့အတွက် လက်ထိပ်​လေး​တွေဟာလည်း ​ခြေလှမ်းတစ်လှမ်းချင်းဆီမှာ ထိမိလျက်....

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jul 18, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Choice (선택) [ HIATUS ]Tempat cerita menjadi hidup. Temukan sekarang