시작...
"ဂျယ်ယွန်းနာ~"
လှည့်ကြည့်လိုက်သည့် ဂျယ်ယွန်းအပေါ် နေရောင်ချည်က ဖြာကျနေသည်....နွေဦးရာသီဖြစ်သည့်အလျောက် အနားရှိသစ်ပင်က ပန်းကလေးများကလည်း ကြွေကျလျက်....ပြောရရင် ဒရာမာထဲကဇာတ်ဝင်ခန်းလိုမျိုး
ဟီးဆွန်း ဒီလိုဖြစ်စဉ်မျိုး လက်တွေ့ဘဝမှာ မရှိဘူး ထင်ခဲ့တာ အခုတော့ ကိုယ်တိုင် ကြုံတွေ့ရပြီ...
"အာ...ဟျောင်း ရောက်ပြီလား ဘာစားချင်လဲသာပြော ဒီနေ့က ကျွန်တော် အဝကျွေးမှာ"
"ဟားဟား ဟုတ်ပါပြီ ဆူရှီဆိုရင် အဆင်ပြေတယ်မလား"
"ရတာပေါ့ ကျွန်တော် ဆူရှီဆိုင် ကောင်းကောင်းသိတယ်" ဂျယ်ယွန်းက ထုံးစံအတိုင်း တောက်ပနွေးထွေးသော အပြုံးနှင့်....
ထိုအချင်းအရာကို အနောက်ကနေ ရပ်ကြည့်နေသော သူတစ်ဦး....
—선택—
*ငါကလွဲလို့ ကျန်တဲ့သူတွေ အကုန်လုံးကို ဒီလိုပြုံးပြတာလား*
*တော်တော့ ပတ်ဆောင်းဟွန်း မင်းဒီကိုဘာလာလုပ်တာလဲ ကိုယ့်ဟာကိုယ်သာ နေ့လည်စာ သွားစားရမယ်*
ကိုယ့်စိတ်ကိုယ်တောင် သေချာနားမလည်သော ကောင်လေးတစ်ယောက်ကတော့ ရင်လေးလေးနှင့်ပင် ထမင်းစားဆောင်ထဲ ပြန်ဝင်သွားလေသည်။ သေချာတာ တစ်ခုကတော့ သူတစ်နေကုန် စိတ်ထဲထင့်နေတော့မည်။
—선택—
"ဒီဟာ ဒီဟာ ဒီဟာ အကုန်ချပေးနော်"
မီနူးရွေးနေတဲ့ ဂျယ်ယွန်းကို ကြည့်ပြီး ဟီးဆွန်းပြုံးမိသွားသည်။ ဒီကောင်လေးက ဘယ်အချိန်မဆို ဟီးဆွန်းကို ပြုံးပျော်အောင် လုပ်နိုင်တယ်။ ဂျယ်ယွန်းရောက်လာမှ ဟီးဆွန်းအရင်ကထက် အများကြီး ပိုပြုံးလာရတယ်....စိတ်ရင်းနဲ့ပေါ့။
ဖော်ရွေတယ် နွေးထွေးတယ်ဆိုပြီး သိကြပေမယ့် အပြုံးတွေက စိတ်ထဲပါတာမှမဟုတ်တာ။ အင်းလေ ဟိုကိစ္စပြီးထဲက ဟီးဆွန်းအရင်ကလိုမှ မဟုတ်တော့တာ။ ဂျယ်ယွန်းနဲ့ တူတူရှိနေချိန်လေးပဲ အရင်ကလို စိတ်ရင်းနဲ့ ပြုံးဖြစ်တယ်....ဒါတွေ စဉ်းစားနေလို့လည်း မထူးပါဘူးလေ အတိတ်မှာ ကျန်ခဲ့ပြီပဲ။
YOU ARE READING
Choice (선택) [ HIATUS ]
Fanfictionဦးနှောက်နဲ့ နှလုံးသား ဘာကိုရွေးချယ်သင့်လဲ? ဘာက ငါ့အတွက် အကောင်းဆုံးဖြစ်မလဲ? - Sim Jaeyun ကိုယ့်အတွက် အချစ်ဆိုတာ အဓိပ္ပာယ်မရှိပေမယ့်....မင်းကိုတော့ ပိုင်ဆိုင်ချင်တာမလို့ ကိုယ့်ကို ရွေးချယ်ပေးပါ ဘေဘီ - Park Sunghoon ယွန်းငယ်ကို ကိုယ်နှစ်နှစ်ခါခါ ခ...