칠회

346 47 2
                                    

시작...

"အား...အိုမား!!!"

အိမ်မက်ကနေ အလန့်တကြားနိုးလာတဲ့ ဆောင်းဟွန်း... အိမ်မက်ဆိုးမက်ထားသည့်အလျောက် လူက ဟောဟဲဆိုက်နေသည်။

သူပြုံးပျော်ရွှင်ခဲ့သောအတိတ်တွေဆီကို ပြန်လည်ခေါ်ဆောင်သွားတတ်တဲ့ ထိုအိမ်မက်တွေ...သူမုန်းသော်လည်း နှစ်သက်မိသည်...ထိုအိမ်မက်တွေကပဲ အိုမား၏ မျက်နှာကို မမေ့အောင်လုပ်ပေးနေသလိုပင်...

—선택—

𝙁𝙇𝘼𝙎𝙃𝘽𝘼𝘾𝙆 𝙎𝙏𝘼𝙍𝙏𝙎

အေးချမ်းသော နေ့လည်ခင်းလေးတစ်ခုမှာ တီဗီကြည့်နေသော ပတ်မားမားနှင့် အနားမှာအရုပ်လေးတွေနဲ့ဆော့နေသော ၈နှစ်အရွယ် ပတ်ဆောင်းဟွန်းလေး...

တီဗီပေါ်က ရုပ်ရှင်ထဲက မင်းသမီးက "ချစ်တယ်" ဟု ပြောကာ မင်းသားက ဖက်လိုက်သည်ကို ဆောင်းဟွန်းလေးမြင်သောအခါ

"အိုမား အချစ်ဆိုတာ ဘာလဲဟင်"

"တစ်သက်လုံး တည်သွားမယ့် ကတိတစ်ခုလိုလေ ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး"

"အိုမားနဲ့အာပါးရော ချစ်လားဟင်"

"...ချစ်တာပေါ့ သားရယ်"

"ဒါဆို ဘာလို့ နေ့တိုင်းရန်ဖြစ်တာလဲဟင် ရန်မဖြစ်ပါနဲ့နော် ရန်ဖြစ်တဲ့အချိန်တိုင်း သား...သားကြောက်တယ်"

"သားရယ် လာပါဦး အိုမားဆီကို" ဆောင်းဟွန်းလေးကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

"အာပါးက အလုပ်က ပြန်လာတော့ ပင်ပန်းလို့ အသံကျယ်သွားရုံပါ ရန်ဖြစ်တာမဟုတ်ပါဘူး" ဆောင်းဟွန်းလေးကို တင်းတင်းကျပ်ကျပ်ဖက်ထားရင် သက်ပြင်းတစ်ချက် ခိုးချမိသည်။

—선택—

ဆောင်းဟွန်းအသက် ၁၅ကျော်၁၆နှစ်ထဲမှာ...လူပျိုပေါက်ဆိုတော့ အိမ်နဲ့ သိပ်အဆင်မပြေချင် အထူးသဖြင့် အာပါးနဲ့...

အိုမားကတော့ ကင်ဆာကြောင့် အိပ်ရာထဲလဲနေသည်မှာ ၂နှစ်လောက်ရှိပြီ။ ထိုအချိန်ထဲက အာပါးက အခန်းခွဲနေသည် အိုမားဆီကိုလည်း တစ်ခါမှ မသွား လိုအပ်တဲ့ ဆေးဖိုးဝါးခသာ ထောက်ပေးနေသည်။

Choice (선택) [ HIATUS ]Donde viven las historias. Descúbrelo ahora