오회

359 52 7
                                    

시작...

ကျောင်းသွားခါနီးလိုလိုတိုင်း တွေ့နေရသော ပေါက်စ...တွေ့လိုက်ရသည့် ရက်တိုင်းမှာ ဆောင်းဟွန်း တစ်နေ့လုံး စိတ်ကြည်လင်ပြီး ရာသီဥတုကလည်း ပိုပြီးသာယာနေသလိုလို....

တွေ့မိတဲ့အခါတိုင်းလည်း စကားတစ်ခွန်းစနှစ်ခွန်းစတော့ ပြောဖြစ်သည်။ ဆောင်းဟွန်းသိလိုက်ရတာက ခွေးပေါက်လေးက မနက်စာဘယ်တော့မှ မစားတတ်...လူတစ်ယောက်ရဲ့ အရေးအကြီးဆုံး အစားစားချိန်က မနက်စာဆိုတာ သူမေ့လျော့နေသလား?? အနည်းဆုံး ကော်ဖီလောက်တော့ သောက်သင့်တယ်လေ။ ဖြစ်နိုင်ရင် ဆောင်းဟွန်းကိုယ်တိုင် မနက်တိုင်း မနက်စာသေချာပြင်ဆင်ပြီး ပို့ပေးချင်မိပါ၏။

—선택—

*ဒေါက် ဒေါက် ဒေါက်*

ဂျယ်ယွန်းတိုက်ခန်းကို စောစောစီးစီး တံခါးလာခေါက်တာ ဘယ်သူပါလိမ့်? ကိုယ့်အိမ်ဒီလောက်အစောကြီး လာလည်မယ့်သူလည်း မရှိပါဘူး...

*...စီနီယာ??*

ဂျယ်ယွန်း မကြောင်သွားဘူးဆို လိမ်ရာကျမည် ဟုတ်တယ်လေ ပတ်ဆောင်းဟွန်းကြီးက မနက်စောစောစီးစီး တံခါးလာခေါက်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ

"ရော့" လက်ထဲက အထုတ်တစ်ထုတ်ကို ကမ်းပေးလာသော စီနီယာရယ်ပါ...

"ဗျာ...ဒါဘာလဲဟင်"

"ငါ ပေါင်မုန့်ဝယ်တာ Buy 1 Get 1 ရတာ တစ်ယောက်ထဲ ၂လုံးမကုန်လို့ မင်း၁လုံးယူလိုက်" ပြောပြီးတာနဲ့ လက်ထဲကို အထုတ်တစ်ထုတ်ထိုးထည့်သွားပြီး လှည့်ပြန်သွားသောလူ

"ကျေးဇူးတင်ပါတယ် စီနီယာ" ဂျယ်ယွန်းမှာ အနောက်က အော်ပြောလိုက်ရသည်

*ကျေးဇူးတင်စကားတောင် မစောင့်ဘူး ဘယ်လိုလူလဲ*

ဂျယ်ယွန်း တံခါးကို ပြန်ပိတ် ပေါင်မုန့်ထုတ်ကို သိမ်းမယ်လုပ်ရင်း...

*မထူးပါဘူးလေ စားလိုက်တော့မယ်* ပေါင်မုန့်စားမည်ဆိုမှတော့ ကော်ဖီသွားဖျော်လိုက်သည်။

မနက်ပိုင်း နေရောင်ခြည်ကို ခံစားရင်း ကော်ဖီပူပူလေးသောက် ပေါင်မုန့်လေးစားနှင့် ဂျယ်ယွန်းတစ်ယောက် သာယာနေတယ်။ မနက်စာ မစားဖြစ်တာတောင် အတော်ကြာပြီလေ မစားတတ်တာလည်း ပါသလို အခုတစ်ယောက်တည်းနေတော့ ပိုဆိုးတယ်...အိမ်မှာတုန်းကမှ အိုမားအတင်းကျွေးလို့ တစ်ခါတစ်လေ စားဖြစ်သေးတယ်။

Choice (선택) [ HIATUS ]Where stories live. Discover now