십회

314 45 2
                                    

시작...

ဒီလိုကောင်မလေးတွေကြောင့် ဆောင်းဟွန်းအမြဲစိတ်ရှုပ်ရတယ် သူ့အဆက်ဟောင်းတွေထဲက တစ်ယောက်ပေါ့ ဇွတ်အတင်း ပြန်တွဲမယ်ဆိုပြီး လာဖြစ်နေတာ ကန်တင်းမှာကို အရှက်မရှိ ဆွဲဖက်နေသေးတယ်

*ဟိုကောင်လေး တွေ့သွားဦးမယ်*

စိတ်ပူလို့မှ မဆုံးသေး ရှူးရှူးရှဲရှဲနဲ့ ထသွားတဲ့ ဂျယ်ယွန်းကို ဆောင်းဟွန်းတွေ့လိုက်တယ်

*Shit*

ကောင်မလေးကို အတင်းတွန်းထုတ်ပြီး အော်ပစ်လိုက်တယ်

"ငါမင်းနဲ့ လုံးဝပြန်မတွဲနိုင်ဘူး မင်းနားမလည်ဘူးလား"

"အိုပါး..."

"ဒီမှာ မင်းနဲ့ငါနဲ့ အကန့်ကပြီးသွားပြီ ရှင်းရှင်း ပြောရရင် မင်းနာမည်တောင် ငါမမှတ်မိဘူး...အဲ့တော့ မင်းငါ့အတွက် ဘယ်လောက် အရေးပါလဲမပါဘူးလဲဆိုတာ ဦးနှောက်ရှိရင်တော့ စဉ်းစားတတ်မှာပါ"

အားလုံးရဲ့ မျက်လုံးတွေက သူတို့ကိုကြည့်နေမှန်း သိပ်သိတာပေါ့ ဒါပေမယ့် ဒါတွေကို ဂရုမစိုက်နိုင်အခုချိန်မှာ သူစိတ်ပူတာက ဂျယ်ယွန်းအထင်လွဲသွားမည်ကိုပင်...

ကန်တင်းက ထွက်လာပြီး ဂျယ်ယွန်းကို ရှာသော်လည်း မတွေ့...အနီးအနားက ဂျယ်ယွန်းတို့မေဂျာက ဖြစ်ပုံ ကျောင်းသားတစ်ယောက်ကို မေးတော့မှ ခေါင်မိုးထပ်သွားသည်ကို တွေ့တယ်တဲ့။

ခေါင်မိုးထပ်ရောက်တော့ တွေ့လိုက်ရသောမြင်ကွင်းကြောင့် ရင်ထဲတစ်ဆစ်အောင့်သွားသည်...ကိုယ်တိုင်တောင် မသိလိုက်ပဲ ကျောက်ရုပ်တစ်ရုပ်လို ရပ်ကြည့်နေမိတယ်....

အသိဝင်လာသောအခါမှ လှည့်ထွက်လာမိတော့သည်...

—선택—

ကြည့်ရတာ ဟီးဆွန်းဟျောင်းက anxiety attack ရနေတဲ့ ပုံပေါ်လို့ ဂျယ်ယွန်း ကျောလေးကိုပဲ ပုတ်ကာနှစ်သိမ့်ပေးနေလိုက်သည်။

ခဏအကြာမှာတော့ သက်သာသွားဟန်နှင့် ဟီးဆွန်းက ဖက်ရာမှ လွှတ်ပေးလိုက်သည်။

"ဆောရီး ဂျယ်ယွန်း...ဟျောင်း...ဟျောင်း"

"ရပါတယ် ဟျောင်း ကျွန်တော် နားလည်ပါတယ် ဟျောင်း ဘာကိစ္စရှိလို့လဲ ကျွန်တော့်ကို အဆင်ပြေရင် ရင်ဖွင့်ကြည့်လေ အဆင်မပြေလဲ ရပါတယ်"

Choice (선택) [ HIATUS ]Where stories live. Discover now