시작...
မနက်ခင်းနေရောင်ခြည်ဟာ အခန်းတွင်းသို့ဖြာကျလျက်...
အခန်းထဲက ကုတင်ပေါ်မှာတော့ တင်းကျပ်စွာ ဖက်အိပ်နေသော ကောင်လေး၂ယောက်...
"အ..ကျွတ်ကျွတ် ခေါင်းကိုက်လိုက်တာ"
ဆောင်းဟွန်းတစ်ယောက် နိုးနိုးချင်းခေါင်းကိုက်လို့ ထမလို့ လုပ်လိုက်တော့ လက်မောင်းပေါ်ကို အလေးတုံးတစ်ခု ဖိထားသလို ခံစားလိုက်ရတယ်
*ရှင်းမ်ဂျယ်ယွန်း!?!? ဒီကို ဘယ်လိုလုပ်...*
မှတ်ဉာဏ်တွေက မနေ့ညက အဖြစ်အပျက်အချို့ဆီကို ပြေးသွားတော့တယ်
*ငါက နမ်းလိုက်တာလား!? ဝန်ခံပြီးတော့လေ!? ဘယ်လိုလုပ်ရမလဲ!? နိုးလာရင် ဘယ်လိုရှင်းရမလဲ? ငါ့ကို ကိုယ်ထိလက်ရောက်မှုနဲ့ ရဲစခန်းတိုင်လိုက်ရင်ရော!? အားးး မသိတော့ဘူးကွာ*
ဂျယ်ယွန်းနိုးသွားမှာစိုးလို့ ဆောင်းဟွန်းကိုယ့်အတွေးထဲမှာတွင် တစ်ယောက်ထဲ ပြာယာခတ်နေရတော့တယ်
ဂျယ်ယွန်းခေါင်းလေးကို အသာမ၍ ခေါင်းအုံးပေါ်တင်ခဲ့ကာ အခန်းထဲက လစ်ထွက်ခဲ့သည်။ အမြန်အင်္ကျီလဲကာ တိုက်ခန်းကပါ တစ်ခါထဲထွက်ခဲ့သည်။ သူမျက်နှာချင်းမဆိုင်ရဲသေးလို့လေ သို့သော် ထမင်းစားပွဲပေါ်မှာ note လေး ချန်ခဲ့ဖို့တော့ မမေ့ပါချေ
–선택–
မနက်၁၀နာရီကျော်လောက်မှာ ဂျယ်ယွန်းနိုးလာတယ်။ ဘေးကိုကြည့်လိုက်တော့ ဆောင်းဟွန်းဆောန်ဘဲမရှိတော့...
"ဆောန်ဘဲ? ရှိလား?"
အခန်းပြင်ထွက်မေးကြည့်တော့လည်း တိတ်ဆိတ်မှုကသာ ကြီးစိုးလျက်။ ထိုအချိန် ဂျယ်ယွန်းတွေ့သွားတာက စားပွဲပေါ်ကnoteလေး
"ဂျယ်ယွန်း နိုးလာပြီလား? မင်းအိပ်နေလို့ ကိုယ်အသာလေး ထွက်လာတာ အတန်းလည်း ရှိလို့လေ မနက်စာပြင်ထားတာရှိတယ် အုပ်ဆောင်းအောက်မှာ toast စားလိုက်နော် ကော်ဖီကတော့ အေးသွားမှာစိုးလို့ မဖျော်ခဲ့ဘူး။ စားလိုက်ဦး
VOCÊ ESTÁ LENDO
Choice (선택) [ HIATUS ]
Fanficဦးနှောက်နဲ့ နှလုံးသား ဘာကိုရွေးချယ်သင့်လဲ? ဘာက ငါ့အတွက် အကောင်းဆုံးဖြစ်မလဲ? - Sim Jaeyun ကိုယ့်အတွက် အချစ်ဆိုတာ အဓိပ္ပာယ်မရှိပေမယ့်....မင်းကိုတော့ ပိုင်ဆိုင်ချင်တာမလို့ ကိုယ့်ကို ရွေးချယ်ပေးပါ ဘေဘီ - Park Sunghoon ယွန်းငယ်ကို ကိုယ်နှစ်နှစ်ခါခါ ခ...