십일회

330 44 0
                                    

Recommended song for this chapter - Tell me you love me (Bol4)

시작...

​"​ဆောန်ဘဲ အတင်းမတွန်းနဲ့ ​လေးတယ်...အ"

ဟုတ်ပါတယ် ပတ်​ဆောင်းဟွန်းကို မနိုင်မနင်း ကူတွဲ​ပေး​နေရတဲ့ ဂျယ်ယွန်းရယ်ပါ တွဲ​နေရင်း မနိုင်​တော့ လမ်းမီးတိုင်လေး​အောက်က ခုံတန်း​လေးတစ်ခုကို ​တွေ့လို့ ခဏချ​​လိုက်တယ်

"ဟူး ​မောလိုက်တာ"

"​ပြော"

"ဗျာ?"

​ဆောင်းဟွန်း​ဆောန်ဘဲရဲ့ ရုတ်တရက်စကားသံ​ကြောင့် ဂျယ်ယွန်း​မေးလိုက်မိသည်

"​ပြော ဘာလို့ ဟိုဟီးဆွန်းဆိုတဲ့လူနဲ့ ဖက်​နေတာလဲ?"

*​ဆောန်ဘဲ ​တွေ့သွားတာလား အဲ့တုန်းက ကန်တင်းမှာကို...*

"ကျွန်​တော့်ဘာသာ ကျွန်​တော် ဘယ်သူနဲ့ ဖက်ဖက်​ပေါ့ ​ဆောန်ဘဲနဲ့မှ မဆိုင်တာ ပြီး​တော့ ​မေးချင်း​မေး ကျွန်​တော်က​တောင် ပြန်​မေးရဦးမှာ ​ဘာလို့ contact ထဲမှာ ​ပေါက်စလို့ မှတ်ထားတာတုန်း ကျွန်​တော် က​လေးမဟုတ်ဘူးဗျ"

"မင််းဟာမင်း လူကြီးမကလို့ အဘိုးကြီးပဲ ဖြစ်​နေပါ​စေ မင်းက ကိုယ့်အတွက်​တော့ ​ပေါက်စပဲ ကိုယ့်ရဲ့​ပေါက်စ အဲ့တာ​ကြောင့် ကိုယ်နဲ့ သိပ်ဆိုင်တယ်"

​ပြောပြီး ရစ်မူးမူး မျက်ဝန်း​တွေဖြင့် စိုက်ကြည့်လာသည့် ​ဆောင်းဟွန်း​ကြောင့် ဂျယ်ယွန်း မျက်လုံး​တွေလည်း ပြူးကျယ်သွားသလို ပါး​လေး​တွေလည်း ပန်း​ရောင်သမ်းသွားသည်

"​ဆောန်...​ဆောန်ဘဲ​နော် မူးမူးရူးရူး​နဲ့ ထ ထ အိမ်ပြန်မယ်"

"အခုချိန်မှာ ကိုယ်မူးချင် မူး​နေမယ် ဒါ​ပေမယ့် ကိုယ်မင်းကို သ​ဘောကျ​နေပြီထင်တယ် အားညီး သ​​ဘောကျ​နေမိပြီဆိုတာ​တော့ မင်းသိ​ထားစေချင်တယ် အဲ့တာ​ကြောင့် မင်းကိစ္စ​တွေက ​ဖော်ပြလို့ မရ​လောက်​အောင်ကို ကိုယ်နဲ့ဆိုင်တယ်"

​ဆောင်းဟွန်း အခုချိန်မှာ ဘာမှမသိ​တော့ ဂျယ်ယွန်းကို အနားဆွဲထားချင်တာ တစ်ခုသာသိ​တော့သည်။ မျက်ဝန်းဝိုင်း​လေး​တွေနှင့် ထို​ကောင်​လေး....သူပိုင်ဆိုင်ချင်မိသည်...သည်​လောက်ဆို သူ့ခံစားချက်​တွေက လုံ​လောက်ပြီမလား

Choice (선택) [ HIATUS ]Donde viven las historias. Descúbrelo ahora