Ep1

3.4K 141 20
                                    

" အမိန့်..တရားခံ ကင်ထယ်ယောင်း သည် ပြစ်မှု​ကြူးလွန်တာ ထင်ရှားသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅နှစ်ကျစေ.. "

တရားခွင်တစ်ခုလုံးရှိ လူများသည် တရားသူကြီး၏ အမိန့်ပေးသံကြောင့် ကျေနပ်စွာ ဝိုင်းလက်ခုပ်တီးကြသည်

တရားခံနှင့်တရားလို ၏ရှေ့နေများသည်လည်း အခြင်းအခြင်းအပြန်အလှန် လက်ဆွဲနှုတ်ဆတ်ရင်း စကားပြောနေကြသည်

ထိုလူအုပ်ထဲမှာမှ ထောင် ၅ နှစ်ကျခံရသည့် တရားခံကို မကျေနပ်မှုပေါင်းများစွာဖြင့် ကြည့်နေသူမှာ တရားလို ဂျွန်ကီဖြစ်သည်

သူမကျေနပ်လည်း မကျေနပ်စရာပင် တစ်ဖက်လူသည် တရားသူကြီးအမိန့်ချပြီးတာနဲ့ ဘေးရှိ တစ်ကိုယ်လုံးအနက်ရောင်သာဝတ်ထားသည့် သက်တော်စောင့် တစ်ယောက်သည် ထိုလူပါးစပ်ထဲသို့ အသင့်ခွာထားသည့် စုတ်လုံးတစ်ခုကို ထည့်ပေး​လေသည်

တရားခံသည်လည်း ထောင်ငါးနှစ်ကျသည်ကိုပင် အပျော်လွန်နေသည့်ပုံပင်။
ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်သည့်အပြင် သူ၏ရှေ့နေစီမှ ဘောပင်ကိုယူကာ ချက်လက်မှတ် စာအုပ်ပေါ်တွင် ရေမတွက်နိုင်သော သုံးညဂဏန်းများစွာဖြင့် ငွေပမာဏကို
ရှေ့နေကို ပေးပြီး သူ့လက်မှတ် ကိုပါထိုးပေးလေသည်

ရှေ့နေဖြစ်သူသည်လည်း ပိုက်ဆံပမာဏကိုကြည့်ပြီး သူ့ကို ခါးကျိုးမတက် ကုန်းကာ အရိုအသေပေးလျက် ကျေးဇူးတင်ကြောင်းတဖွဖွပြောလေသည်

ထို့နောက် သူ့ကိုကြည့်နေသော တရားစွဲသည့်လူကို ချိုသာစွာပြုံးပြပြီး ထိုတရားခွင်မှ
ထယ်ယောင်း ထွက်ခွာသွားသည်

" တောက်စ်... ဒီကောင်အချိုးကိုမပြေဘူး "
.....
......
.........

" ဘော့စ်... ထောင်ထဲမှာ တစ်ယောက်ထဲ
အဆင်ပြေပါ့မလား..ကျွန်တော်တို့ပါ ဘော့စ် နဲ့ထောင်ထဲ လိုက်ခဲ့ရမလား "

" ဟားဟားဟား...မင်းက သစ္စာစောင့်သိတဲ့ခွေးဘဲ...မဆိုးဘူးတော်တယ်...ငါကထောင်ထဲကို တစ်​ယောက် ထဲနေခြင်လို့ သွားတာကို မင်းတို့ပါ ခေါ်စရာလား...."

" ဘယ်လို...ကျွန်တော် နားမလည်တော့ဘူး..ဘာလို့ ထောင်ထဲသွားနေမှာလဲ ဘော့စ်ရယ် "

YOU'RE MY UNIVERSEOù les histoires vivent. Découvrez maintenant