Intro

20.5K 855 214
                                    


{Unicode🥝}

I124Q🕸

Lifestyle...

စာဖွဲ့မမှီ.... ။

"သား အမြဲ ဘုရားတရားကို သတိရနော်....။ အိမ်ကိုလည်း ဖုန်းဆက်ဦးနော်....။"

"ဟုတ်ကဲ့ ပါးပါး... "

ကျွန်တော်လည်း ပါးပါးလက်ဝါးအောက်သို့ ခေါင်းလေး တိုးဝှေ့ထားမိသည်။ ပါးပါးက အမြဲတမ်း ကျွန်တော့်ကို ကြောင်ငယ်ပေါက်လေးလို ဆက်ဆံပါသည်....။ ဒါပေမယ့် ဖေဖေကတော့....။

"ဘဲဥလေး... ဖေဖေ့ဆီ လာဦး..."

ဒါကတော့ ကျွန်တော်ရဲ့ nicknameလေး....။ ကျွန်တော်က ပါးပါး nickname ဥ,ကိုအရင်း ခံပြီး ဥရဲ့သား ဘဲဥတဲ့....။ တစ်ခြားအဓိပ္ပါယ်ကတော့ ဖွေးလွန်းသော ကျွန်တော့်အသားအရည်ကြောင့် မှည့်ခေါ်ထားခြင်း ဖြစ်ပါသည်....။ ပါးပါးကတော့ ကျွန်တော့်ကို ဖေဖေ့ဆီ သွားဖို့ ပြောလေတော့ ကျွန်တော်လည်း ဖေဖေ့ရှေ့ ခပ်ကျုံ့ကျုံ့လေးပင် ထိုင်မိသည်.....။ ဖေဖေက ရုတ်တရက်ဆိုသလို သူ့လက်ကို ကျွန်တော့်ပုခုံးပေါ်သို့ ပွေ့သိမ်းဖက်လိုက်ပြီး.....။

"လိမ်လိမ်မာမာနေ.... လက်စွဲတော် စာအုပ်ကို မိတ္တူကူးထားလား? အရေးကြီးတာက ဒဂ်ါးပြားကို ဘယ်သူ့ကိုမှ မပေးမိစေနဲ့...."

"ဋီကာ! ကလေးကို... သူကျတော့ အဲ့ဒါကို ယူသိမ်းထားပြီးတော့.... ဘာလို့လဲ? ကလေးကို နေရာတကာ မတင်းကြပ်ပါနဲ့...."

ကျွန်တော်လည်း ဖေဖေနှင့်ပါးပါး အနည်းငယ် စကားအချေအတင် ဖြစ်လေတော့ ကြားထဲက ဖေဖေ့လက်အောက်၌သာ ရှိနေမိသည်....။
ဖေဖေပြောသည့် လက်စွဲတော် စာအုပ်ဆိုတာ အလှဘွဲ့နှင့်ပတ်သတ်ပြီး ဖေဖေကိုယ်တိုင် စာရွက်ထုတ်ပြီး မိတ္တူဆွဲပေးထါးတာပင်....။ ဒဂ်ါးကတော့ 'စာဖွဲ့မမှီ' ဟူသော ကျွန်တော့်အမည်နဲ့ပင် ရှိနေသော ပန်းခက်တစ်ချို့နှင့် ရွှေအနှစ်သားလေး.....။

"မောင့်သားက ချောတယ် အပျိုလေးရ.... တော်ကြာ မောင့်လို ဇွတ်တရွတ်တွေနဲ့ တွေ့လာရင် ဘယ်လိုလုပ်မလဲ??"

"အခု နားလည်ပြီမလား? အဘ တိုတဲ့အကြောင်းကို.... သူ့ခမျာ စိတ်မချလို့ ခမည်းခမက်အိမ် သွားပို့မှပဲ.... ကျားကြောက်လို့ ရှင်ကြီးကိုး... ရှင်ကြီး ကျားထက်ဆိုး... ဟင်း...."

I124Q🕸 {All eyes On me...}(Complete)Where stories live. Discover now