{Unicode🍒}
အေး... သတ္တိတွေရှိပြီး
ကိုယ့်ကို ရှောင်တယ်ပေါ့....။
စာဖွဲ့မမှီ...
ကိုယ့်စိတ်ကို ဆွ,မလာနဲ့....
ကြာရင် မင်းကို ဝါးစားမိလိမ့်မယ်။***
I124Q🕸🍸
By mean of Husband 🥂
January.... ။
ကျွန်တော်တို့ ကျောင်းတက်တာ တစ်လပြည့်ပြီ ဖြစ်သည်။ အစ်ကိုကတော့ ကျွန်တော့်ဆီ အမြဲတမ်း မပျက်မကွက် လာတတ်ပေမယ့် ကျွန်တော်ကတော့ ဒီအတိုင်း သွားတွေ့လေ့ရှိပါသည်။ ညက ကိုပိုင်စိုးကိစ္စနှင့်ပတ်သတ်ပြီး ပြဿနာ ထပ်ဖြစ်သည်မို့ ဒီနေ့ သူ Request လုပ်ထားသည့် ကျောင်းဖွင့်ရက်ကို ခွင့်တိုင်ဖို့ ကိစ္စကို ပယ်ချမိတော့သည်....။
အမြဲတမ်း လူကို သဝန်တိုတာကို ဗန်းပြပြီး ချုပ်ချယ်လေ့ရှိသည်။ ကြာရင် သူက လွဲပြီး လူ့အသိုင်းအဝိုင်းဖြင့် ကင်းကွာနေသည့် ကျွန်တော်က အရူးလုံးလုံး ဖြစ်တော့သည်....။ သေချာပြင်ဆင်ပြီး စာအုပ်တစ်ချို့ပိုက်ကာ သက်ဝင်းနိုင် ဆိုင်ကယ်နောက်ကို တက်မိတော့ သက်ဝင်းနိုင်က ကျွန်တော် ရှိနေသည့် နောက်ကျောဘက်မှ ခုံကို ကြည့်မိကာ.....။
"စာကလေး... ဒီနေ့ နွားသိုးကြီးနဲ့ သွားတွေ့ဖို့ဆို ခွင့်မယူတော့ဘူးလား?"
"မယူတော့ဘူး....။ သူ လာလည်း ဂရုမစိုက်ဘူး...."
"ဟမ်? သူလာတာကို မင်းက မတွေ့ဘဲ နေမလို့လား? ဟိုက ဇွတ်ရယ်... တော်ကြာ ကျောင်းအထိ လိုက်လာပြီး တွေ့ရာသချို်င်း ဓားမဆိုင်း လုပ်မှ ပိုဆိုးနေမယ်နော်...."
သက်ဝင်းနိုင်က အစ်ကို့အကြောင်း သိသူပီပီ ပြောလာတော့ ကျွန်တော် ညက ဖုန်းထဲမှာ ကြောသည့် ကိစ္စက မကျေနပ်မှုအပြည့်ဖြင့် ခေါင်းထဲ စီးဝင်နေတာမို့....။
"နေပါစေ... သူ့ဘာသာ ဘယ်လိုနေနေ....။ နေရာတကာ ချုပ်ချယ်လွန်းတယ်....။"
"ငါတော့ မြင်ယောင်တယ်နော်... စာကလေး...။ ဟိုက နဂိုကမှ Premium 1000ကျော်ကို စံချိန်ချိုးပြီး အချိန်တိုင်း ရောက်လာတဲ့ သူနော်....။ LDRSကို သောက်ဖက်မလုပ်တဲ့သူနော်...."
YOU ARE READING
I124Q🕸 {All eyes On me...}(Complete)
RomanceRelationship between Richest Kid or Highest boss and Ordinary boy. Ordinary boy... No, he is not ordinary people since he is one and so special for me.