Chapter : 1

10.6K 765 199
                                    

{Unicode🥝}

ကျွန်တော် သူ့ကို
အဲ့ဒီမှာ စ,တွေ့ခဲ့တယ်...။
ကျွန်တော့်ရဲ့ ရူးသွပ်ရမည့် နေ့ရက်များ၏
အစပါပဲ....။

****

I124Q🕸

I need you more and more🍷

Wednesday...

စာဖွဲ့မမှီ.... ။

"စာလေး.... ပြီးပြီလား? မင်းက ခွင့်ယူပြီး ပြင်ထားတာ.....။နောက်ကျလို့ မဖြစ်ဘူးနော်....။  ဟိုက ရန်ကုန်က တစ်ယောက်က ကြာသပတေးနေ့ နံနက်ပိုင်း လာကြိုမှာမို့လို့....။"

ကျွန်တော် နယ်က ထွက်လာပြီး ဒီစစ်ကိုင်း ပညာရေးတက္ကသိုလ်မှာ ပညာသင်ယူနေတာ တစ်ပတ်ကျော်ပဲ ရှိနေသေးသည်....။ ကျွန်တော် အထက်တန်းအောင်စဥ်က Majorရွေးတာနှင့်ပတ်သတ်ပြီး အတော်လေး ခေါင်းစားခဲ့ရသည်....။ ဒါကလည်း ကျန်တာကြောင့် မဟုတ်... ကျွန်တော့်အမှတ်က ၄၇၀နီးပါး ရှိသည်....။ ကျွန်တော်က Foreignနှင့်ပတ်သတ်သည့် Majorတစ်ခုကို ရွေးချယ်ချင်သော်ငြား ကျွန်တော့်ကို စိတ်မချလှသည့် ဖေဖေ့ကြောင့် ကျောင်းပြီးတာနှင့် ရွာမှာပဲ ပြန်လည် အခြေချနိုင်မည့် Majorကိုပဲ ရွေးမိတော့သည်.....။

စစ်ကိုင်း ပညာရေး တက္ကသိုလ်....။

နောက်ဆုံးမှာတော့ ကျွန်တော့်မှာ Majorရွေးဖို့အတွက် တစ်မိသားစုလုံးဖြင့် တိုင်ပင်ပြီး နောက်မှာတော့ ကျွန်တော်အမြဲတမ်း စာအုပ်ထဲမှာပဲ သဘောကျပြီး ရင်းနှီးနေသည့် မြို့စစ်ကိုင်း၏ အလှအပများနှင့် စေတီပုထိုးများ ဖူးမျှော်ခွင့် ရမိတော့သည်....။

ဟုတ်ကဲ့ စာလေးဆိုတာ ကျွန်တော့်၏ ဒီကျောင်းရောက်မှ ကင်ပွန်းတပ်ထားသည့် နာမည်ပင်....။ ဒီကျောင်းကို ရောက်သည်နှင့် အတူနေ အဆောင်မှ သူငယ်ချင်းများက ဒီအတိုင်း မှဲ့ခေါ်ခဲ့ပါသည်။ကျွန်တော်တို့က Uniမှာ First batchပေမယ့် ကျွန်တော်နှင့် သူငယ်ချင်းများက ကျွန်တော့်နှင့် ရွယ်တူက နည်းနည်းလောက်ပဲ ရှိသည်....။ အားလုံးလိုလိုက ကျွန်တော့်ထက် လ,ပိုင်း နှစ်ပိုင်းလိုလို ကြီးနေသည်မို့ ကျွန်တော်လည်း အစ်ကိုတပ်ပြီးတော့သာ ခေါ်ခဲ့ပါသည်။ ပါးပါးက အမြဲတမ်း ကိုယ့်ထက် ကြီးသူကို ဂါရ​ေ၀ါစ နိဝါတောစ ပေးနိုင်ရမည် ဖြစ်ကြောင်း အမြဲဆုံးမသည်မို့....။

I124Q🕸 {All eyes On me...}(Complete)Where stories live. Discover now