{Umicode🍒}... မင်းက ကိုယ့်လူ
ကိုယ့်အပိုင်မို့
ကိုယ်ပြောသမျှပဲ
မင်းနာခံရမှာ....။****
All Eyes On Me🍸
Obey🍷
စာဖွဲ့မမှီ.... ။
အစ်ကိုပိုင်စိုးကိစ္စ သဝန်တိုပြီး နောက်မှာတော့ အစ်ကိုက ကျွန်တော့်ကို အဆောင်သို့ ပြန်စေပါသည်။ နောက်ထပ် သူမကြိုက်သည့်ကိစ္စရပ်များကိုလည်း ထပ်ပြီး မလုပ်တော့ဖို့ အထပ်ထပ်အခါခါ ကတိပေးခဲ့ရပါသည်..... ။
ဒီကြားထဲမှာတော့ အစ်ကို့သဘောကျ ကိစ္စတွေ လိုက်လျောပေးခဲ့ပါသည်....။ ကျန်တာထက် အစ်ကိုနှင့်ပြဿနာမဖြစ်ချင်သည်မို့....။အခု အဲ့ဒီနေ့က အတော်ကြာသည့်အထိ အေးခဲနေခဲ့တာမို့ ကျွန်တော် နေမကောင်းချင်သလို ဖြစ်နေပါသည်....။ ထိုကိစ္စကိုလည်း အစ်ကို့ကို မပြောရဲပါ....။ အစ်ကိုက သူမသိဘဲ ကျွန်တော့်ရဲ့ အပြုအမူမှန်သမျှကို ကန့်သတ်ချုပ်ချယ်နေကြလေ......။ အခုလိုသာ သိသွားရင်တော့ ပိုပြီးတော့ ဆိုးမည်။ ညက VCပြောသည့်အထဲမှာတော့ အစ်ကိုက Groupလိုက် practical ရှိသည် ပြောသည်။ ထို့ကြောင့်ပင် ကျွန်တော်က သက်သာရာ ရနေမိသည်။ ညဘက် အစ်ကိုVCခေါ်ရင်တော့ ကျွန်တော် သက်သာလောက်ပါပြီ....။ နိုမို့ဆို အစ်ကိုက ကျွန်တော့်ကို ဆူမှာ အသေအချာပင်.....။
ဒီနေ့လည်း မနက်ကတည်းက နေမကောင်းတာမို့ ခွင့်တင်ထားရသည်။ နေ့လည်ကျောင်းဆင်းချိန်မှာတော့ အစ်ကိုပိုင်စိုးက ကျွန်တော့်အခြေအနေကို လာကြည့်ပါသည်.....။
"ကဲ ကိုစာကလေး... မသက်သာ သေးဘူးလားဗျ? လာ သွားရအောင်.... အစ်ကို လိုက်ပို့ပေးမယ်....။ စစ်ကိုင်း(......)လမ်းက ဆေးခန်းက ကောင်းတယ်...."
"ဟင်အင်း.... မလိုက်ချင်ဘူး အစ်ကိုပိုင်စိုး.... ။ တကယ်လုံး နုံးနေတာ....။ ပူအိုက်ပြီးတော့ ပါးစပ်ထဲမှာလည်း ခါးနေတယ်....။"
ကျွန်တော်က ထိုသို့ပြောလိုက်လေတော့ အစ်ကိုပိုင်စိုးက အသံထွက်သည့်အထိ ရယ်မောလာသည်....။ ထို့နောက်မှာတော့ ကျွန်တော့်နဖူးပေါ်မှ ဆံပင်များကို သပ်တင်ပေးပြီးသည့်နောက်မှာတော့.....။
YOU ARE READING
I124Q🕸 {All eyes On me...}(Complete)
RomanceRelationship between Richest Kid or Highest boss and Ordinary boy. Ordinary boy... No, he is not ordinary people since he is one and so special for me.