Chapter : 2

7K 620 103
                                    


{Unicode🖤}

သဒ္ဓါတရားဆိုတာထက်..
ကိုယ်က မင်းစိတ်နာမ်နှင့် ပေါင်းစည်းတာမျိုး
လိုချင်တာ....။

*****

I124Q🕸

Donate🥂

ဝပ်ဆင်းခယ....။

Friday...

X & Z Marketing & Innovation Company

ကျွန်တော်လည်း နေ့လည် အတန်းချိန်ပြီးသည်နှင့် အဝတ်အစားလဲပြီး Dad ရှိနေသည့် Company အလုပ်နေရာသို့ ....။ ကျွန်တော်က Dad၏ သားတစ်​ယောက်ပင် ဖြစ်သော်ငြား Dadနှင့် ခဏတာ စကားပြောဖို့ Appointmentယူရသည်...။ အခုလည်း နေ့လည် ၁နာရီ အရောက်ဆိုသည်နှင့် မြေညီထပ်ဘေးနားမှ Parkingနေရာသို့ ကားကို ရပ်ကာ Dad companyရှိသည့် ငါးလွှာမြောက်ကို မော်ကြည့်လိုက်မိသည်.......။

ဒီ Condoတစ်ခုလုံးကို Dad ပိုင်တာဖြစ်သည်။ ဒီCondoက Dad အလုပ်နေရာ သီးသန့်ဖြစ်သည်....။ တစ်ခြား ကပ်လျက်ဘက်မှာတော့ Food & Beverage, Hotel Appliance, Florist, Private Hospital လုပ်ငန်းမျိုးစုံ များစွာ ရှိသည်...။

ကျွန်တော်လည်း ဖုန်းမှ နာရီကို တစ်ချက်ကြည့်လိုက်ပြီး Dadရှိရာသို့ မြေညီထပ်က ဓာတ်လှေကားမှ ငါးလွှာသို့....။ Momအလုပ်နေရာရော Dad အသိုင်းအဝိုင်းကပါ ဝန်ထမ်းများကပါ မသိတဲ့သူ မရှိတာမို့.... ကျွန်တော်လည်း နေ့လည်စာ စားသည့် ဝန်ထမ်းများနှင့်အတူ ဓာတ်လှေကားကို စီးမိတော့ သူတို့က ချက်ချင်းဆိုသလို ရိုကျိုးလာပြီး ကျွန်တော်နှင့် ခပ်ခွာခွာ နေကြသည်....။

ကျွန်တော်လည်း ထိုဝန်ထမ်းများကို တစ်ချက်ပြုံးပြလိုက်တော့ သူတို့က ကျွန်တော့်အနားသို့ အနည်းငယ် တိုး၍ ကပ်လာသည်....။ ထိုစဥ်မှာပင် တံခါးပွင့်သွားပြီး ငါးလွှာရောက်နေသည်မို့ ကျွန်တော်လည်း ဓာတ်လှေကားမှ ထိုဝန်ထမ်းများနှင့်အတူ ထွက်လိုက်ပြီး.....။

"Dadက Meeting ရှိနေတာလား?"

ဘေးနားမှ နေ့လည်စာအတွက် မုန့်တစ်ချို့ ဝယ်လာသော ကျွန်တော့်နောက်မှ ဝန်ထမ်းတစ်ယောက်ကို မေးလိုက်လေတော့ သူက....

I124Q🕸 {All eyes On me...}(Complete)Where stories live. Discover now