Chapter : 4

6.3K 548 114
                                    

{Unicode🍒}

မယုံလည်းနေ...
ကိုယ်သဘောကျတဲ့ ပစ္စည်းတိုင်းက
ကိုယ့်အပိုင်တွေ ဖြစ်လာတာမျိုး...။

****

I124Q🕸🍸

Born In Different 🎈

စာဖွဲ့မမှီ....။

Friday....။

အမှန်တကယ်ဆို ဒီနေ့က အိမ်ကို ပြန်ရမယ့် ရက်သတ္တပတ်ပင် ဖြစ်ပါသည်...။ ဒါပေမယ့် ကျွန်တော် ပြန်လို့မရသေး....
ကျွန်တော့်မှာ...

"စာလေး... ဘာဖြစ်နေတာလဲ? ဝန်ကြီးနာ မိနေတာလား??"

ကျွန်တော့်မှာ နောက်ဆုံးအတန်းချိန် ကုန်ဆုံးမည်ကို အတော်လေး ကြောက်နေမိသည်....။ အတန်းထဲမှ ခုံတန်းပေါ်ကို ပြင်ထိုင်လိုက်ရင်းမှ သက်ဝင်းနိုင်ဘက်ကို လှည့်ကြည့်မိသည်။ သက်ဝင်းနိုင်ကတော့ အပူအပင်ကင်းမဲ့စွာပင် ကျွန်တော့်ပုခုံးကို ဖက်ပြီး ပြောလာတော့ ကျွန်တော်ဘယ်လိုပြောရမှန်းမသိ...။

သူ့ကိုသာ ယဲ့ယဲ့လေး ငဲ့ကြည့်လိုက်ပြီး ခေါင်းကို ခါရမ်းလိုက်မိသည်....။ သက်ဝင်းနိုင်ကတော့ ထုံးစံအတိုင်း ကျွန်တော့်အနားသို့ တိုးကပ်လာပြီး...။

"ဘာတွေဖြစ်နေတာလဲ? ဘာပဲဖြစ်ဖြစ် ငါ့ကို ပြောလို့ရတယ်.....။ ငါ ပျော်ပျော်နေတတ်ပေမယ့် မင်းစိတ်ချလို့ ရပါတယ်....။ ဖြစ်နိုင်ရင်တော့ ရင်ဖွင့်စေချင်တယ်...."

ကျွန်တော်လည်း ထိုအချိန်မှာတော့ သူ့ကို ကြည့်လိုက်မိပြီး ပြောသင့်မပြောသင့်ကို စဉ်းစားနေမိသည်။ သက်ဝင်းနိုင်ကတော့ ထပ်ပြီး ကျွန်တော့်ကို ခေါင်းညိမ့်ပြကာ စိတ်ချလို့ရသော အနေအထားတစ်ခုကို ပြသည်....။ ထိုအချိန်မှာတော့ ကျွန်တော် သက်ပြင်းကို ယဲ့ယဲ့ချလိုက်ပြီးသည့်နောက်မှာ.....။

"ငါ... မင်းကို ရင်ဖွင့်တယ်ဆိုတာ မင်းက ငါ့သူငယ်ချင်း၊ ငါ့အခန်းဖော်....။ နောက်ပြီး ငါ အယုံရဆုံး သူမိုလို့...."

"ကဲပါကွာ... Introက များလိုက်တာ....။ ပြောစရာရှိတာသာ ပြောလိုက်စမ်းပါ..."

သက်ဝင်းနိုင်က စိတ်မရှည်သလို ပြောလေတော့ ကျွန်တော်လည်း သက်ပြင်းချပြီး....

I124Q🕸 {All eyes On me...}(Complete)Where stories live. Discover now