Chapter : 3

7.1K 624 144
                                    

{Unicode🍒}

သို့...
အစ်ကို လို့ အစ,ချီလိုက်တာနဲ့
မင်းအတွက် သီးသန့်ကမ္ဘာငယ်ကို
ဖန်ဆင်းပေးမယ့် သူမျိုး....။

****

I124Q🕸🍸

Illegal 🥃

ဝပ်ဆင်းခယ....

(နဂို ဝပ်ဆင်းခအား အမည်ပြောင်းလဲခြင်းပင် ဖြစ်ပါသည်။)

Monday....

"သား ကျားပေါက်.... ဘယ်အချိန် အိမ်ကို ရောက်လဲ? အလှူကိစ္စ အဆင်ပြေခဲ့လား??"

Dadကတော့ အလုပ်သွားဖို့ အသင့်ဖြစ်နေသည့် အနေအထားဖြင့်ပင် ကျွန်တော့်ကို မေးလာလေတော့.... ။

"အဆင်ပြေတယ် Dad... မနေ့က ညနက်မှ ရောက်တာ...။ ဒါနဲ့ Momကရော မတွေ့ဘူးနော် Dad...."

"သြော်... Emeraldက ၈နာရီအတိ Shareholders meetingရှိလို့တဲ့ သွားနှင့်ပြီနော်....။ Dadကိုလည်း ခွင့်ပြုဦး...။ ဒါနဲ့ သား ဒီနေ့ Uniဘယ်အချိန် သွားမှာလဲ?"

"နေ့လည်ဘက်လောက် ဖြစ်မယ် Dad... ဘာဖြစ်လို့လဲ?"

"ဘာမှမဖြစ်ပါဘူး.... ကျောင်းကို ဂရုစိုက်သွား...။ သြော် ဒါနဲ့ သားသဘောကျတယ်ဆိုတဲ့ သူကိုရော တွေ့ခဲ့လား?"

ထိုအချိန်မှာတော့ ကျွန်တော်အနည်းငယ် ပြုံးယောင်သန်းပြီး နူတ်ခမ်းဖျားအစွန်းသို့ တွန့်ကျိုးပြလိုက်တော့....။

"ထင်ပါတယ်... ဒီလိုအနေအထားဖြစ်လာတယ် ဆိုကတည်းက Dadရိပ်မိပါတယ်...။ ညကျ သားဆီ Dad လာခဲ့ဦးမယ်.... အခုDadလုပ်ထားတဲ့ Projectကို နည်းနည်း ညှိနှိုင်းချင်လို့..."

"accessoriesလား Dad..."

"မဟုတ်ဘူး... ဒီအတိုင်း wearingဘက် သွားမှာ...။ အခုက Springဆိုတော့ ရာသီအငွေ့အသက်နဲ့ သူတို့စိတ်ကို မြှင့်တင်ပေးမယ့်အရာမျိုး...."

"သေချာတယ်... Dad ideaက အတော်လေးကို လန်းမယ်ဆိုတာ....။ ညကျ သားတို့ Dining roomဝင်ပြီးတာနဲ့ သား Dadအခန်းထဲ လာခဲ့လိုက်မယ်လေ...."

I124Q🕸 {All eyes On me...}(Complete)Where stories live. Discover now