နားရွက်ဖျားတွေနီရဲကာဖြင့် သူ့ကိုလည်းမကြည့်ရဲ အခက်လည်းတွေ့နေရှာတဲ့ ရှေ့ကကောင်လေးကိုကြည့်ရင်း ဂျေးစိတ်ရှုပ်နေရာမှ အသာထရယ်မိတော့မတတ်ဖြစ်သွားရသည် ။
"ကော်ဖီတွေအေးကုန်ရော့မယ် သောက်လိုက်ပါဦး "
သူ့စကားကိုနာခံစွာဖြင့် ကော်ဖီခွက်ကိုလှမ်းယူကာ ရေသောက်သလိုတစ်ကျိုက်တည်းသောက်သည် ။
"အဟွတ် အဟွတ် "
နမော်နမဲ့နိုင်လွန်းတဲ့ကောင်လေးကိုကြည့်ရင်း ဂျေးရယ်ချင်ပေမဲ့မရယ်ရက် ။
"ဆိုတော့ မင်းစကားရဲ့လိုရင်းက မင်းကငါနဲ့လက်ထပ်ရမယ့်သူပေါ့ ဟုတ်လား "
"ဟုတ်.....ဟုတ်ပါတယ်ဗျ ကျွန်တော်နဲ့ခင်ဗျားကလက်ထပ်ကြရမှာပါ "
"မင်းဘက်ကလူကြီးတွေရဲ့သဘောကလည်း ဒီလိုရှိတာတဲ့လား "
"ဟုတ်ကဲ့ခင်ဗျ "
ယဥ်ကျေးလွန်းနေတဲ့ကောင်လေးကြောင့် ဂျေးမထိန်းနိုင်ပဲအသာပြုံးမိသည် ။
"ငါကမင်းလိုပဲယောကျ်ားတစ်ယောက်လေ မင်းကဘာလို့မငြင်းတာလဲ ဒီလက်ထပ်ပွဲကို "
"ဒါဆို ခင်ဗျားကရော ဘာလို့မငြင်းတာလဲဗျ "
အဖြေပြန်မပေးပါပဲ မေးခွန်းပြန်ထုတ်တဲ့ကောင်လေးရဲ့မျက်နှာကိုကြည့်မိတော့ ခုနကလိုအူတူတူပုံစံလေးဟုတ်မနေ တည်ငြိမ်နေသည်။
"အင်း ငါက အခုမှစပိန်ကပြန်ရောက်ခဲ့တာ။ အိမ်ကငါ့ကိုတစ်ခွန်းပဲပြောတယ်လေ။ ချိန်းထားတဲ့နေရာကိုသွားပြီး အိမ်ကစီစဥ်ပေးတဲ့သူကို သွားတွေ့စမ်းပါတဲ့ ငါဘယ်ထင်ခဲ့မလဲ မင်းလိုယောကျ်ားလေးဖြစ်နေလိမ့်မယ်လို့ "
"အဲတော့ ခင်ဗျားက ငြင်းမှာပေါ့ "
လေးနက်နေတဲ့အသံကြောင့် ဂျေးတွေဝေသွားရသည် ။ဒီကောင်လေးဟာ ဘာရည်ရွယ်ချက်တွေရှိနေပါသလဲ ။
"ဟင့်အင်း ကောင်လေး ငါမငြင်းပါဘူး။
မဟုတ်ဘူး ငါ့မှာငြင်းပိုင်ခွင့်ဆိုတာလည်းမရှိပါဘူး "• • • • •
[JayHoonပါပဲ ^^ ]
Introတော့ဝင်ထားလိုက်ပါပြီ ><

YOU ARE READING
Love Language
Fanfictionအချစ်ရဲ့ဘာသာစကားကိုကျွန်တော်တတ်မြောက်ခဲ့ပါတယ် ။ သင်ကြားတဲ့ဆရာကတော့ 'သူ' ပေါ့ဗျာ ။