5

405 62 8
                                    

အချိန်အတော်ကြာသည်အထိ ပွေ့ဖက်ထားရာမှတုပ်တုပ်မလှုပ်တဲ့ ဆောင်းဟွန်းကြောင့် ဂျေးမနေနိုင်တော့။

"ဆောင်းဟွန်း ဒီလောက်ဆိုရပြီထင်တယ် မင်းမြန်မြန်ဖယ်တော့ "

"အာ့ "

ပြောလည်းပြော တွန်းလည်းတွန်းထုတ်လိုက်တာမို့ ဆောင်းဟွန်းဆီက ညည်းသံကထွက်လာသည်။

"ကျွန်တော် ချမ်းတယ် "

"ဟမ် ဘာပြောတာ "

ခပ်လေးလေးဖြစ်နေတဲ့ ဆောင်းဟွန်းအသံကမပီမသ။

"ကျွန်တော် ချမ်းတယ်လို့ ဂျေးရဲ့ အရမ်းချမ်းတယ် "

တအိအိ သူ့ပေါ် လဲပြိုကျလာတဲ့ ဆောင်းဟွန်းကိုယ်က ခပ်လေးလေးရယ်မို့ ဂျေး နောက်ကိုယိုင်လဲမလိုဖြစ်သွားရသည်။

"မင်း နေမကောင်းဘူးလား ဆောင်းဟွန်း "

"မသိဘူးဗျာ ချမ်း...ချမ်းတယ် "

ခပ်ထုံထုံအသံက တကယ်ပင် အခြေအနေမဟန်တာမို့  ဂျေးလည်းထပ်မမေးနေတော့ပဲ ဆိုဖာပေါ်ကိုသာ ဆောင်းဟွန်းကို အသာတင်လိုက်တော့၏။

"ဆောင်းဟွန်း ခဏ ဒီအတိုင်းနေဦးနော်။ငါ မိသားစုဆရာဝန်ဆီ ဖုန်းဆက်လိုက်မယ် "

ဂျေးပြောပြီးလှည့်ထွက်မယ်အလုပ်
ရုတ်တရက်ဆောင်းဟွန်းကသူ့ကိုဆိုဖာဆီဆွဲချသည်။

အလစ်အငိုက်မိသွားတာမို့ ဂျေးဟာလည်း ဆောင်းဟွန်းကိုယ်ပေါ်သို့ ထပ်ရက်သား ကျသွားတော့၏။

"မင်း...မင်း "

"ကျွန်တော်နဲ့ နေပါ ဂျေး။ကျွန်တော်နဲ့ပဲ နေပါ "

ကြားလိုက်ရတဲ့စကားသံကြောင့်ဂျေးရင်ထဲ လေပွေဝင်သည့်နှယ် တရိပ်ရိပ်။

ခပ်ရှရှအသံက အဖျားတက်နေချိန်မှာတော့ ဖျော့တော့နေ၏။

သူဖျားနေလို့ ဂျေးကိုလိုအပ်နေတာမျိုးပဲဖြစ်မှာပါ။
ထိုစကားဟာထူးထူးခြားခြားတော့ မဟုတ်တန်ရာ။

"အင်း နေမယ် ဆောင်းဟွန်း ငါမင်းနဲ့နေပါ့မယ်။အခုတော့ ငါ့ကျောပေါ်မှာကပ်တွယ်ထားတဲ့ မင်းလက်တွေကိုဖယ်ပေးပါဦး "

Love LanguageWhere stories live. Discover now