"အခုလိုက်ချင်လား ကျွန်တော့်အိမ်ကို "
ဆိုဖာပေါ်မှာထိုင်နေရင်းဆောင်းဟွန်းဟာခပ်ဆဆမေးလာသည်။
အဖြေပြန်မပြုမိပါပဲ ဂျေးအသာငြိမ်နေလိုက်သည်။
အမှန်တိုင်းပြောရရင် ဆောင်းဟွန်းရဲ့အိမ်ဆီသူမသွားချင်ပါ။
အကြောင်းပြချက်ရယ်လို့မရှိသော်ငြား စိတ်ကတကယ်ကိုမသွားချင်။"အင်း အားနာလိုက်တာ ငါမင်းအိမ်မလိုက်ချင်သေးဘူး "
လေသံခပ်လေးလေးဖြင့်အဖြေပြုမိတော့ ဆောင်းဟွန်းဟာ သူ့ဆီခေါင်းလှည့်လာရင်း ခပ်တွေတွေစိုက်ကြည့်သည်။
ထိုအကြည့်တွေမှာ အလိုမကျဟန်ရော စိတ်ဆိုးနေဟန်ပါမတွေ့ရ။
ဆောင်းဟွန်းရဲ့ပုံစံအတိုင်း အကြည့်တွေကလည်းရိုးရိုးစင်းစင်း။
ဆောင်းဟွန်းရဲ့စိတ်ထဲဘာရှိနေတယ်ဆိုတာကိုဂျေးမသိနိုင်တဲ့အပြင်မခန့်မှန်းနိုင်။
နားမလည်နိုင်ပါ။ဆောင်းဟွန်းကိုဂျေးနားမလည်နိုင်သေးပါ။"ရတယ် ကျွန်တော်ပဲသွားလိုက်ပါ့မယ်။ကိစ္စမရှိပါဘူး "
အေးဆေးစွာပဲဆောင်းဟွန်းဟာပြန်တုံ့ပြန်လာသည်။
ဒီလိုအေးဆေးပြနေလေတော့ ဂျေးပိုအားနာမိရ၏။
ဒါပေမဲ့လည်း သူတကယ်မလိုက်ချင်တာမို့ ဘာမှထပ်မပြောတော့။တက္ကစီပေါ်လိုက်ပါသွားတဲ့ဆောင်းဟွန်းကိုဂျေးတစ်ချက်ကြည့်လိုက်မိရင်း...
မရိုးနိုင်တဲ့သူ့ရဲ့အလုပ်တွေဆီမှာပဲ ဂျေး
ခေါင်းနှစ်ပစ်လိုက်တော့ ဆောင်းဟွန်းအကြောင်းတောင် မေ့မေ့ပျောက်ပျောက်။•••••
"ဂျေးက နေမကောင်းတာလား "
အဖေ့ရဲ့အမေးစကားကိုဆောင်းဟွန်းဘယ်လိုသင့်တော်မယ့်အဖြေမျိုးနှင့်ပြန်တုံ့ရပါ့မလဲ။
"မဟုတ်ဘူး အဖေ သူ့အလုပ်ကဒီနေ့မပြီးရင်မရလို့မလိုက်လာတာပါ "
အသားတုံးတွေကိုပါးစပ်ထဲအသာအယာသွတ်သွင်းနေတဲ့အဖေက ဆောင်းဟွန်းကို ခပ်လေးလေးကြည့်လာသည်။
"အင်း "
ပုဝါစကိုနှုတ်ခမ်းနားတေ့ကာ သုတ်နေရင်း ဆောင်းဟွန်းရင်ထဲ ကလှိုင်းကဆန်ဖြစ်ရသည်။
ဆောင်းဟွန်းနားရွက်ဖျားတွေထပ်နီလာပြန်၏။
ဒါဟာစိတ်တွေမတည်ငြိမ်ရင်ဖြစ်နေကျလက္ခဏာ။
YOU ARE READING
Love Language
Фанфикအချစ်ရဲ့ဘာသာစကားကိုကျွန်တော်တတ်မြောက်ခဲ့ပါတယ် ။ သင်ကြားတဲ့ဆရာကတော့ 'သူ' ပေါ့ဗျာ ။