နူးညံ့နေတဲ့ ခပ်အိအိဆံသားတို့ကို လက်ချောင်းတွေနဲ့ အသာဆုပ်ကိုင်လိုက်ရင်း အနမ်းတို့ကိုရှေ့ဆက်လိုက်မိတော့ ဂျေးဟာ မတုံ့ပြန်သော်လည်း မရုန်းလာခဲ့။
အောက်ဆီဂျင်ပြတ်လုနီးပါးဖြစ်ကာမှ ဆောင်းဟွန်းအသာအယာလွှတ်ပေးလိုက်တော့ ဂျေးက ခေါင်းကိုငုံ့သွားပြန်သည်။
အနည်းဆုံးတော့ လက်သီးနဲ့ထိုးမယ်ထင်ခဲ့တာ။
ဆောင်းဟွန်းထင်ထားသလိုမဟုတ်နေ၍ ခပ်ဖွဖွပြုံးမိသွား၏ ။"မင်း ဘာရယ်တာလဲ အမြန် ရေသွားချိုးတော့ သွားစမ်း "
ဂျေးရဲ့စကားအတိုင်း ရေချိုးခန်းထဲရောက်သွားတော့ ပြုံးနေမိတာကို ဆောင်းဟွန်းမရပ်နိုင်ခဲ့ ။
နှုတ်ခမ်းသားတို့ကို အသာအယာတို့ထိလိုက်မိရင်း ဂျယ်လီလိုခပ်အိအိဖြစ်နေတဲ့ နှုတ်ခမ်းတို့ရဲ့အရသာကို ထပ်ပြီးသတိရမိသွားသည်။
ဂျေး ..... ဂျေးက ဘာလို့ ဒီလောက်တောင် တပ်မက်ချင်စရာဖြစ်နေရတာလဲ။
ကျွန်တော်တော့ အများကြီးအခက်တွေ့ရတော့မှာပဲဗျာ ။
••••••••
ရေခဲစိမ်ထားတဲ့ ရေကို သောက်ပြီးဖြစ်သည့်တိုင် ရင်ထဲ တလှပ်လှပ်နဲ့ ပူရှိန်းနေတာက ဘာများဖြစ်လို့လဲ။
ကိုယ့်အတွေးနဲ့ကိုယ် ဘဝင်မကျဖြစ်လာရင်း ဆံပင်တွေကို ဆွဲဖွပစ်လိုက်တော့သည်။
ဒီကောင်လေး.... အတင့်ရဲလာလိုက်တာ။
အခုက ဘာတွေဖြစ်ကုန်တာလဲ ။
ဂျေးကဘာလုပ်ရတော့မှာလဲ။အသစ်အဆန်းဖြစ်နေတဲ့ ခံစားချက်တို့ကြောင့် ကိုယ့်စိတ်ကိုယ် ဘယ်လိုထိန်းချုပ်ရမည်ပင် မသိတော့တာမို့ ဂျေး စိတ်ရှုပ်လာမိသည်။
ဒီကောင်လေးနဲ့တော့....
"ဂျေး ရေချိုးတော့မလားဟင် ကျွန်တော်ကပြီးပြီ "
ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ဆောင်းဟွန်းက အခုဂျေးရဲ့နောက်မှာရှိနေသည်။
ရေခဲသေတ္တာကို မျက်နှာမူပြီးရပ်နေတဲ့ ဂျေးရဲ့နောက်မှာ ဆောင်းဟွန်းက နီးနီးလေး ရပ်နေ၏။
YOU ARE READING
Love Language
Fanfictionအချစ်ရဲ့ဘာသာစကားကိုကျွန်တော်တတ်မြောက်ခဲ့ပါတယ် ။ သင်ကြားတဲ့ဆရာကတော့ 'သူ' ပေါ့ဗျာ ။