အရှေ့ကမြင်ကွင်းကိုကြည့်နေမိရင်း ဆောင်းဟွန်းစိတ်ထဲမလုံသလိုဖြစ်လာသည် ။
ခပ်ပွပွရှပ်အဖြူနဲ့ ဘောင်းဘီတိုတိုကိုဝတ်ကာအိပ်နေတဲ့ ဂျေးဟာ အသက်သုံးဆယ်အရွယ်အမျိုးသားတစ်ယောက်ပါလို့ ယုံနိုင်ဖွယ်မရှိ ။အဆင်မပြေရင်တစ်ယောက်တစ်ခန်းနေလည်းရပါတယ်ဟုဆောင်းဟွန်းပြောပါသော်ငြား ဂျေးဟာအထူးအဆန်းမဖြစ်ပါပဲ နှစ်ယောက်တစ်ခန်းပဲနေကြမယ်လို့ပြောလာသည် ။
ဆောင်းဟွန်းကစောစောနိုးတတ်တဲ့လူ။
ဒါပေမဲ့ ဂျေးကတော့အခုထိနှစ်နှစ်ခြိုက်အိပ်နေတုန်း ။အကြောင်းပြချက်ရယ်လို့မရှိပါပဲ ဂျေးအားဆောင်းဟွန်းအတော်ကြာငေးနေမိသည် ။ဒိီလိုကြီးအိပ်နေတုန်းအကြာကြီးငေးနေမိတာကောင်းပါ့မလားလေ ။အားနာစရာ ။
အိပ်နေဆဲဂျေးအပေါ် သူခြုံတဲ့စောင်ကိုပါထပ်လွှမ်းပေးလိုက်ပြီး ဆောင်းဟွန်းရေချိုးခန်းဆီဝင်သွားလိုက်သည် ။
စောနေသေးသော်လည်း ရေကိုအားရပါးရပဲချိုးမိသည် ။
တဘက်ကိုအသာပတ်ကာ မှန်ကာထားတဲ့ရေချိုးခန်းဆီကထွက်လာတော့ ဘေစင်ရှေ့မှာအရိပ်တစ်ခု ။
မျက်လုံးတွေကိုပွတ်သပ်ရင်း တဝါးဝါးသမ်းနေတဲ့ ဂျေး ။
"ခင်ဗျား အိပ်ရေးမဝလို့လား "
အနားတိုးကပ်ကာမေးလိုက်တဲ့သူ့စကားကိုကြားတော့ ဂျေးဟာပြူးပြူးပြာပြာ ။
"ဟာ မင်း ရေချိုးနေတာကို lockလည်းချမထားဘူး "
အိပ်ရာထကာစမို့ထင်သည်။ဂျေးရဲ့အသံဟာအက်ရှရှ ။
"ကျွန်တော် မေ့သွားလို့ "
"ပြီးတာပဲ နောက် မမေ့နဲ့ ။အခုတော့ ထွက်ဦး ငါရေချိုးမှာ "
ခေါင်းအသာညိမ့်ပြရင်း ဆောင်းဟွန်းရေချိုးခန်းထဲကထွက်လာလိုက်သည် ။
ခေါင်းကို ခြောက်အောင်အသေအချာသုတ်နေရင်းက အခန်းထဲကတိုင်ကပ်နာရီကိုကြည့်မိတော့ 8နာရီထိုးလုလု ။
အဝတ်အစားကိုအဆင်ပြေသလိုဝတ်လိုက်ရင်း မနက်စာပြင်ရသည် ။
••••

YOU ARE READING
Love Language
Fanficအချစ်ရဲ့ဘာသာစကားကိုကျွန်တော်တတ်မြောက်ခဲ့ပါတယ် ။ သင်ကြားတဲ့ဆရာကတော့ 'သူ' ပေါ့ဗျာ ။