တစ်လဆိုတဲ့အချိန်ကဂျေးအတွက်လျင်မြန်စွာပဲကုန်ဆုံးသွားပြန်သည်။စပိန်ကပါလာတဲ့အလုပ်ကိစ္စတွေအပြင် လက်ထပ်ဖို့ကိစ္စတွေအတွက်ပြင်ဆင်နေရလေတော့ အချိန်ဆိုတာသူ့အတွက်ပိုတယ်လို့ကိုမရှိ ။ဒီတစ်လအတွင်း နားရွက်ဖျားလေးတွေနီရဲတတ်ပါတဲ့ ဆောင်းဟွန်းဆိုတဲ့ကောင်ကလေးနဲ့လည်း တစ်ကြိမ်တစ်ခါမှပင်မတွေ့ဖြစ်ခဲ့ပါ။အဲဲဒါကနည်းနည်းတော့ထူးဆန်းတယ်မဟုတ်ဘူးလား။ဘယ်လိုပဲဖြစ်ဖြစ်မကြာခင်မှာဘဝခရီးခပ်တိုတိုကိုအတူလျှောက်လှမ်းရတော့မယ့်လူတွေအနေဖြင့် အနည်းငယ်လေးတောင်မရင်းနှီးကြသေးတာက ရယ်စရာ ။
ရှေ့ကLaptopကိုစိုက်ကြည့်နေမိရင်းအတွေးတွေကတောင်ရောက်မြောက်ရောက် ။
တစ်ကြိမ်သာတွေ့ဖူးသေးပေမဲ့ တစ်ခါတွေ့မိရုံနဲ့စိတ်ထဲကမထုတ်နိုင်လောက်တော့အောင် ချောရက်လွန်းတဲ့ထိုကောင်ကလေးမျက်နှာကိုမြင်ယောင်လာမိပြန်သည်။အသက်အရွယ်ကတော့ သူနဲ့အတော်လေးကွာမည် ။သူနဲ့ယှဥ်ရင်ချာတိတ်ကလေးပါပဲ ။
ရှေ့ကကော်ဖီခွက်ကိုအခုမှသောက်ဖို့သတိရမိတော့ အေးစက်စက်အရသာကသူ့လျှာဖျားအားစောင့်ကြိုသည် ။ကော်ဖီအေးအေးကိုတစ်ကျိုက်တည်းမော့ချလိုက်ကာ လေးပင်နေတဲ့ကိုယ်ကိုသယ်ရင်းအိပ်ရာဆီဦးတည်လိုက်သည် ။
အိပ်ရာပေါ်အသာလှဲချမိတော့ အိစက်စက်မွေ့ယာရဲ့အတွေ့အထိအပြင် ရနေကျခပ်သင်းသင်းအနံ့ကသူ့စိတ်ကိုကြည်နူးစေသည် ။ရင်းနှီးနေကျ မိုးပြာရောင်မျက်နှာကျက်အား ဘာရယ်မဟုတ်အချိိန်အတော်ကြာငေးကြည့်နေမိသည်။
မှေးစင်းလာတဲ့သူ့မျက်လုံးတွေက အိပ်စက်ဖို့လိုပြီဖြစ်ကြောင်း အချက်ပြလာသည် ။စောင်ခပ်ပါးပါးကို အသာကိုယ်ပေါ်လွှမ်းခြုံလိုက်ကာ အိပ်ဖို့ကြိုးစားသည် ။ပင်ပန်းလွန်းနေတာကြောင့် သိပ်မကြာတဲ့အချိန်အတွင်းမှာပင် ဂျေးအိမ်မောကျသွားခဲ့သည် ။
_____ ______
"ကိုကိုလေးဟွန်း ထမင်းစားမယ် ဆင်းလာခဲ့ပါဦး "
အောက်ထပ်က အဒေါ်ကြီးရဲ့အသံကြောင့် ဆောင်းဟွန်းဖတ်လက်စစာအုပ်ကိုအသာချကာ အခန်းထဲကထွက်လာလိုက်သည် ။
YOU ARE READING
Love Language
Fanfictionအချစ်ရဲ့ဘာသာစကားကိုကျွန်တော်တတ်မြောက်ခဲ့ပါတယ် ။ သင်ကြားတဲ့ဆရာကတော့ 'သူ' ပေါ့ဗျာ ။