မထူမပါးMenuစာအုပ်ကို တစ်ရွက်ချင်းလှန်နေရင်းမှ မလုံမလဲခံစားချက်ကြောင့် ရှေ့တည့်တည့်ကို ဂျေးကြည့်မိတော့ ခပ်ပြုံးပြုံးကြည့်နေတဲ့ဆောင်းဟွန်းကိုတွေ့ရသည်။
ကျောင်းကနေခေါ်လာတုန်းကလည်း ကားပေါ်မှာဆောင်းဟွန်းဟာ ဂျေးကိုသာကြည့်နေခဲ့တာ။
အခုနေ့လည်စာစားဖို့ရောက်နေပြန်တော့လည်း အကြည့်တွေကသိသိသာသာဂျေးဆိီမှာသာ ရစ်ဝဲလို့ ။
ဂျေးမျက်ခုံးအသာပင့်ရင်း သူ့ဆီမှအကြည့်လွှဲမိသော်လည်း ဆောင်းဟွန်းဆက်ကြည့်နေသေးတာကိုသိတာမို့ မနေနိုင်တော့။
"ငါ့မျက်နှာမှာ ဘာရှိနေလဲ ဆောင်းဟွန်း"
ခပ်ဆတ်ဆတ်မေးတော့ ဆောင်းဟွန်းက ရယ်မြူးရိပ်သန်းနေတဲ့မျက်ဝန်းနက်နက်တွေနှင့်ကြည့်သည်။
"ဘာမှမရှိပါဘူး ဂျေး ။နေ့လည်စာစားရအောင်ပါ။ကျွန်တော်မှာလိုက်မယ် ပေး "
Menuစာအုပ်ကိုဆွဲယူကာ ပြောလာတဲ့ဆောင်းဟွန်းက နည်းနည်းဂနာမငြိမ်တာမို့ ဂျေးမဆိုစလောက်ကလေး အံ့သြမိသည်။
အရင်ကဒီပုံစံမျိုးဆောင်းဟွန်းဆီမှာမတွေ့ဖူးခဲ့တာမို့လည်းပါ၏။ဘာရယ်မဟုတ် အဖြစ်အပျက်တစ်ခုကဂျေးခေါင်းထဲပြန်ဝင်လာတာမို့ အနေခက်တဲ့စိတ်ကပြန်လည်ကိန်းအောင်းလာသည်။
ကျောင်းရှေ့မှာ ဆောင်းဟွန်းကိုပြောခဲ့တဲ့စကားတွေက နည်းနည်းတော့ အိုဗာဖြစ်သွားမှန်းသူသိပါ၏။
ဒါကြောင့်ပင် ကျောင်းစောင့်ဦးလေးက ထိုသို့ပြောခြင်းဖြစ်လိမ့်မည်။"ပိုလိုက်တာ "
တဲ့။တကယ်ပင်ပိုသွားတာသိပေမဲ့ သူလုပ်တာမှန်တယ်လို့ပဲ ဂျေးတွေးသည်။
ပြီးတော့ သူလာမခေါ်ရင်ဆောင်းဟွန်းဟာ တစ်ခုခုမဖြစ်ဘူးလို့မှမပြောနိုင်တာ။လမ်းမှာမူးလဲတာတို့ ဘာတို့ပေါ့။
အတွေးတွေကအဓိပ္ပါယ်မရှိလမ်းချော်လာတာမို့ ဂျေးကိုယ်တိုင်တောင်မသိလိုက်ပါပဲ ခပ်ဖွဖွရယ်လိုက်မိသည်။
ရှေ့ကိုကြည့်မိတော့ ဆောင်းဟွန်းဘေးမှာ ဝိတ်တာကောင်လေးတောင်ရောက်နေပြီ။

YOU ARE READING
Love Language
Fanfictionအချစ်ရဲ့ဘာသာစကားကိုကျွန်တော်တတ်မြောက်ခဲ့ပါတယ် ။ သင်ကြားတဲ့ဆရာကတော့ 'သူ' ပေါ့ဗျာ ။