အပိုင်း ၄

1.3K 62 0
                                    

Unicode font

အချစ်ဟု ခေါ်သည်  [ It’s love ]
အပိုင်း (၄)

ဖုန်းမြည်သံကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့အုပ်စိုး နိုးလာခဲ့သည်။ စားပွဲပေါ်တင်ထားတဲ့ဖုန်းကို စိတ်တိုတိုနဲ့ လှမ်းယူကြည့်လိုက်တော့ ရွှေမင်းသမီးလေး မမမောင်ဖြစ်နေပါလား။ ဒီအချိန်ကြီး သူအိပ်နေမယ်မှန်းသိသိကြီးနဲ့ ဘာအရေးတကြီးပြောစရာရှိလို့များဆက်တာပါလိမ့်။

မမဆိုတာ အုပ်စိုးဆီကို အချိန်မရွေးဖုန်းဆက်ခွင့်ရသော၊ ဖုန်းမကိုင်ရင် ရန်တွေ့ခွင့်ရှိသော တစ်ဦးတည်းသော မိန်းကလေးတစ်ယောက်ပါ။ သူ့ရဲ့ချစ်သူတွေကိုတောင် ထိုသို့သော အခွင့်အရေးမျိုး မပေးဖူးခဲ့ပေ။ အုပ်စိုးထိုက်ဆိုတာ သူတို့အသိုင်းအဝိုင်းထဲမှာတော့ နာမည်ကြီးမင်းသားတစ်ပါးပါ။ အလွန်ချမ်းသာသော၊ သန့်ပြန့်ခန့်ငြားသော လူပျိုယောကျာ်းလေးတစ်ယောက်အနေနဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်နေတာတော့ သိပ်မဆန်းလှပေ။

“Hey guy, are you sleeping?”
“အင်း အိပ်နေပြီပေါ့မမရဲ့ ပြောပါဦး ဒီအချိန်အိပ်ပျော်နေမယ်မှန်းသိသိကြီးနဲ့ ငါ့ကိုဖုန်းဆက်နိုးပြီး ဘာပြောမလို့လဲ”

ဖုန်းထဲကမမရဲ့ကြားရခဲတဲ့ ချိုလွင်တဲ့ရယ်သံကိုကြားလိုက်ရပြီး သူမဘာဆက်ပြောမလဲသိချင်သွားမိသည်။

“Sorry နင့်ကိုပြောစရာရှိလို့အုပ်စိုး ငါလေ အခုတလောထူးဆန်းနေလို့”

မမ ဖုန်းပြောနေရင်း မှန်တင်ခုံရှေ့မှထကာ ကုတင်ပေါ်တက်လှဲလိုက်သည်။ ဒီမှာသာ ည ၉ နာရီမထိုးသေးတာ။ အခုအချိန်ဆို Sydney မှာ မနက် ၁ နာရီကျော်လောက်ရောက်ပေါ့။

“ဘာထူးဆန်းတာလဲ”
“ငါပြောရင် နင်မရယ်နဲ့နော်”

အုပ်စိုး အိပ်ချင်မူးတူးနဲ့ မျက်မှောင်တစ်ချက်ကျုံ့လိုက်မိရင်း မမရဲ့ဆက်မပြောသေးတဲ့စကားကို ပိုစိတ်၀င်စားသွားမိသည်။

“မရယ်ပါဘူးရွှေမင်းသမီးရယ် ပြောမှာသာပြောပါ”
“အင်း ငါလေ လူတစ်ယောက်ကိုချစ်နေမိပြီထင်တယ်”
“ဟင်….”

မမဆီက မမျှော်လင့်ထားတဲ့စကားကြောင့် အုပ်စိုး ရုတ်တရက် ကြောင်သွားမိသည်။ မာနမင်းသမီးလေးက ယောကျာ်းတစ်ယောက်ကို ချစ်နေမိပြီဆိုပါလား။ မမလို မိန်းမတစ်ယောက်အတွက် လူတစ်ယောက်ကို ချစ်မိဖို့ဆိုတာ တော်ရုံလူကို တော်ရုံအထင်ကြီး လေးစားမှုနဲ့ ဖြစ်နိုင်မည်မထင်။

7️⃣ အချစ်ဟု ခေါ်သည် [ It's love ]Where stories live. Discover now