Unicode font
အချစ်ဟုခေါ်သည် [ It’s love ]
အပိုင်း (၈)မှန်ရှေ့မှာ ခေါင်းဖြီးနေတဲ့ စစ်နိုင်ကို အိပ်ရာက အခုမှနိုးတဲ့မမ အိပ်နေရက်နဲ့ မျက်မှောင်ကျုံ့ပြီး ကြည့်နေမိသည်။ ဒီနေ့ ရုံးပိတ်ရက်ပါ။ အပြင်သွားစရာမရှိပဲ စောစောစီးစီးထပြီး ဘယ်ကိုသွားဖို့ ပြင်ဆင်နေရလဲမသိ။ ရှပ်အဖြူနဲ့ယောပုဆိုးနီညိုကို တွဲ၀တ်ထားတဲ့သူ့ပုံစံက တမျိုးလေး ကြည့်ကောင်းနေပြန်သည်။ နေပါဦး ဒီအ၀တ်အစားတွေက သူ့ဘာသာ ၀ယ်လာတာ များလား။ မမ ၀ယ်ပေးထားသမျှထဲ ပုဆိုးတွေမှ မပါတာ။ အခုမှ ပုဆိုးတွေလဲ ၀ယ်ပေးဦးမှဆိုပြီး စိတ်ကူးရမိသွားသည်။ သူက ပုဆိုးလေးနဲ့လဲ ချစ်ဖို့ကောင်းပါသည်။
“ဘယ်သွားမလို့လဲစစ်နိုင်”
မမကို တစ်ချက်မှ လှည့်မကြည့်တဲ့သူကို မနေနိုင်ပဲမေးလိုက်မိတော့သည်။
“အော် နိုးနေပြီလား ကိုကြီးတို့ ဆီသွားမလို့လေ”
“ဘာသွားလုပ်မလို့လဲ”
“ဒီနေ့ ငါ့မိဘတွေအတွက် ရည်စူးပြီး ဆွမ်းကပ်မှာမို့ သွားမလို့”
“ဟင်… နင်… ငါ့ကို ဘာလို့ကြိုမပြောတာလဲ”
“ဘာကိုပြောရမှာလဲ”စစ်နိုင် မမကို အူကြောင်ကြောင်လှည့်ကြည့်လိုက်ရင်း မေးလိုက်သည်။
“နင့်အိမ်က ဆွမ်းကပ်တာကို ငါမလိုက်လို့ကောင်းပါ့မလား”
“အော် မလိုက်လဲရပါတယ် ဘာမှမဖြစ်ပါဘူး”ခပ်အေးအေးလေသံနဲ့ ပြန်ပြောနေသူကြီးကြောင့် မမ စိတ်တိုလာတော့သည်။
“ဘာလို့ဘာမှ မဖြစ်ရမှာလဲ ငါကနင့်မိန်းမလေ ဒီလိုအချိန်မှ မသွားရင် နင့်အစ်ကိုငါ့ကိုဘယ်လိုထင်မလဲ နင်ဘာသဘောနဲ့ ဒီလိုတွေ လုပ်နေရတာလဲစစ်နိုင်”
ဘာလို့ စိတ်ဆိုးနေမှန်း မသိတဲ့မမကို သူ နားမလည်နိုင်သလိုကြည့်ရင်း
“ဘာသဘောမှမရှိဘူး မင်းကိုတွေ့ရင် ကိုကြီးက ကလေးကိစ္စ ပြောမယ် အဲ့လိုပြောလိုက်ရင် မင်းစိတ်ဆိုးမယ် ပြီးရင် မင်းနဲ့ငါပြသနာတက်မယ် စကားများရမယ် စိတ်ညစ်စရာကြီး ပြီးတော့ မင်းလဲကိုကြီးနဲ့မတွေ့ချင်လို့ လိုက်ချင်မယ်မထင်လို့ ငါပြောလိုက်ရင် မင်းအားနာပြီးလိုက်နေရမှာစိုးလို့ ဒါကြောင့် ငါမပြောတော့တာ”
“ဒီမှာစစ်နိုင် ငါ့ကိုပြောရမှာက နင့်တာ၀န် လိုက်မယ်မလိုက်ဘူးဆိုတာက ငါဆုံးဖြတ်ရမယ့်ကိစ္စ ဘာလဲနင့်အစ်ကိုက ငါ့ကို မခေါ်ခဲ့ဖို့ပြောလို့လား”
“ဟာ… မဟုတ်ပါဘူးကွာ ကိုကြီးက ခေါ်ခိုင်းတာ ငါက မင်းမလိုက်ချင်မှာစိုးလို့ မင်းမအားလောက်ဘူးဆိုပြီး မင်းအတွက်ကြိုငြင်းပေးထားတာ”
“ဘယ်သူက မလိုက်ဘူး ပြောလို့လဲ လိုက်မှာ နင်ခဏစောင့် နင်ငါမပါပဲ သွားရဲသွားကြည့်”
YOU ARE READING
7️⃣ အချစ်ဟု ခေါ်သည် [ It's love ]
Romanceသူတို့အားလုံးဟာ အချစ်ဆိုတဲ့ခေါင်းစဉ် တစ်ခုအောက်မှာ ဘယ်သူကမှ မမှားပဲ ချစ်မိကြတဲ့လူသားများသာ ဖြစ်ပါသည်။ ချစ်ခြင်းဟာ အပြစ်ကင်းသော်လည်း လူတွေရဲ့အလိုဆန္ဒ မတူညီမှုတွေကြောင့် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲကာ ကွဲပြားသွားရသည်။ ပြီးတော့ ထိုအရာကိုပဲ အချစ် ဟုခ...