အပိုင်း ၁၈/ ဇာတ်သိမ်းပိုင်း

5.6K 122 24
                                    

> Unicode font

အချစ်ဟု ခေါ်သည် [ It’s love ]
အပိုင်း (၁၈)/ ဇာတ်သိမ်းပိုင်း

ရှစ်နှစ်ခန့်ကြာသော်။

စစ်နိုင် ကားလေးတွေကို ပတ်လမ်းအတိုင်း စိတ်၀င်တစား မောင်းနှင်ဆော့ကစားနေတဲ့ သားလေး “သုတစစ်” ကို ကုတင်ပေါ်မှာ ထိုင်နေရင်း ချစ်မြတ်နိုးစွာ ကြည့်နေမိသည်။ သုတလေးဟာ သူ့ရဲ့သားလို့ အထူးပြောစရာ မလိုအောင် သူနဲ့ရုပ်တူရုံမက အကျင့်တွေပါ အားလုံးတူလေသည်။
သုတစစ်တစ်ယောက် ကြမ်းပြင်ပေါ် သေချာထိုင်ချကာ ဂရုတစိုက်ဆော့နေရဲ့သားနဲ့ လမ်းပေါ်ကနေပြုတ်ကျသွားတဲ့ ကားကို စိတ်ဆိုးကာကောက်ယူလွင့်ပစ်လိုက်လေသည်။

မကြာခင်ကပဲ သုံးနှစ်ပြည့်ပြီးတဲ့သားလေးဟာ စိတ်တိုရင် တွေ့ရာတွေကောက်ပြီး လွင့်ပစ်တတ်တာကအစ သူ့အကျင့်အတိုင်းဖြစ်ပြီး စိတ်ဆိုးလို့ ထူစုနေတဲ့နုတ်ခမ်းကို တင်းတင်းစေ့ပြီ မျက်မှောင်ကုတ်နေပုံကလဲ သူငယ်တုန်းကနဲ့ တစ်ပုံစံတည်းပါ။ တွေ့တဲ့သူတိုင်းက အဖေတူသားလို့သာ မှတ်ချက်ပြုရလောက်အောင်အထိ စိတ်ရောကိုယ်ပါ အဖေနဲ့တူတဲ့သားလေး ဖြစ်လေသည်။
စစ်နိုင် သားကိုကြည့်နေရင်း သဘောကျကာ ပြုံးလိုက်မိသည်။ ဒီကောင်လေးကို သူ့အသက်တမျှ ချစ်ရပါသည်။ သူ့ဘ၀အတွက် မရှိမဖြစ်တဲ့သားလေးပါ။ အမေဖြစ်တဲ့သူအတွက်တော့ ပိုဆိုးပေါ့။ သူတို့နှစ်ယောက်လုံး သားလေးကို တစ်ချက်မှမျက်နှာအညှိုးမခံနိုင်အောင် အလိုလိုက်ကြသူတွေဖြစ်လို့များ ဆိုးနေသလားတောင် ထင်ရပါသည်။

“စစ်နိုင်…”

သူတို့သားအဖရှိရာ အခန်းထဲသို့ အမြန်၀င်လာခဲ့တဲ့ သုတစစ်မိခင်ဖြစ်သူ ရင်ငြိမ်းအေးက

“မမသက်ဆီက email ရောက်တယ်”

ဖုန်းကိုင်ပြီး အနားရောက်လာတဲ့တော့ သူမလက်ထဲက ဖုန်းကိုဆွဲယူကာ ကြည့်လိုက်သည်။ ချစ်ဖို့ကောင်းတဲ့ သမီးလေးတောင် ငါးနှစ်ပြည့်ခါနီးပြီပဲ။ ရင်ငြိမ်း စစ်နိုင်နဲ့အတူ မမသက်ပို့ခဲ့တဲ့ ဓါတ်ပုံဆယ်ပုံကို ကြည့်လို့မ၀နိုင်စွာ အခါခါကြည့်မိနေရင်း မျက်ရည်တွေကျလာခဲ့တော့သည်။ သမီးကို လွမ်းလိုက်တာ။

7️⃣ အချစ်ဟု ခေါ်သည် [ It's love ]Where stories live. Discover now