Unicode font
အချစ်ဟု ခေါ်သည် [ It’s love ]
အပိုင်း (၇)အရင်ကတော့ ဘာလုပ်လုပ် စစ်နိုင်နဲ့အတူဆိုပေမယ့် အခုတော့ ရင်ငြိမ်းတစ်ယောက်ထဲ နေတတ်အောင်နေခဲ့ပါပြီ။ နေသားကျသွားတာမျိုးမဟုတ်ပဲ အလွမ်းတွေနဲ့ နေတတ်ခဲ့တာပါ။ အရမ်းလွမ်းလို့ တွေ့ချင်မိတဲ့အခါ ဓါတ်ပုံအဟောင်းတွေ ပြန်ကြည့်ပြီး စစ်နိုင်ကို ခိုးခိုးသွားကြည့်တတ်တဲ့ အကြိမ်အရေအတွက်လဲ လျော့နိုင်ခဲ့ပါပြီ။ သူ့အသံကိုကြားချင်မိတဲ့အခါ Video file အဟောင်းလေးတွေ ပြန်ကြည့်ပြီး အလွမ်းဖြေခဲ့ပေမယ့် တခါတလေတော့လဲ စာစီပြလို့မရနိုင်အောင် အထီးကျန်လွန်းပါသည်။ အရာရာတိုင်းဟာ သူနဲ့မလွတ်ကင်းနိုင်တဲ့ အမှတ်ရစရာတွေပဲမို့ တမင်တကာ မေ့ဖျောက်နေတဲ့သူမှာ ပိုပြီးတော့သာ ပင်ပန်းနေသလား ထင်ရသည်။
“ရင်ငြိမ်း”
“ဪ… အုပ်စိုး”မထင်မှတ်ပဲ အုပ်စိုးနဲ့လာဆုံရပြန်ပြီ။ ကံတရားရယ် ဘာကြောင့်များ ဒီလူနဲ့ပဲခဏခဏ လာတွေ့ခိုင်းနေရသလဲ။ ရင်ငြိမ်း သူ့ကို မချိသွားဖြဲရယ်ပြလိုက်ရသည်။
“ရုပ်ရှင်ကြည့်မလို့လား”
“အင်း နင်ရော”
“ငါက ဒီနားဖြတ်သွားရင်း နင်နဲ့တူပါတယ်လို့ ကြည့်လိုက်မိတာ”အမှန်ကတော့ ရင်ငြိမ်းကော်ဖီဆိုင်က ထွက်ကတည်းက နောက်ယောင်ခံလိုက်လာခဲ့တာပါ။ ဒါပေမယ့် ဒီလိုအမှန်အတိုင်း ပြောလိုက်ရင် ငြိမ်းကြီးတစ်ယောက် အုပ်စိုးကို စိတ်အကြီးကြီး ဆိုးမှာ အသေအချာပါ။ ရုပ်ရှင်ရုံရှေ့မှာ လက်မှတ်မ၀ယ်သေးပဲ Trailer ပြနေတဲ့ TV ကို မော့ကြည့်နေတဲ့ သူမဟာ ဘာဇာတ်ကားကြည့်ရမယ်မှန်းမသိ ဖြစ်နေပုံပင်။ ရုပ်ရှင်ကြည့်ဖို့ ရည်ရွယ်ပြီး ဒီ Shopping Centre ကို လာခဲ့တာမဟုတ်ပဲ စိတ်ကူးပေါက်လို့ ၀င်ကြည့်မယ့်ပုံပါ။
“တစ်ယောက်ထဲ ကြည့်မလို့လား ငါအတူတူကြည့်ပေးရမလား”
“ရပါတယ် ငါကတစ်ယောက်ထဲ ကြည့်နေကျ”
“အဖော်ပါတော့ ပိုကောင်းတာပေါ့”ရင်ငြိမ်း စိတ်လေကာ ခေါင်းကို ခပ်ဖွဖွကုတ်လိုက်မိရင်း အုပ်စိုးထိုက်ကို ဘယ်လိုပထုတ်ရမလဲစဉ်းစားနေမိသည်။ သူပါ ကြည့်မယ်လို့ပြောမှ မကြည့်တော့ဘူးလို့ ပြောလဲမကောင်းပြန်။ ဘယ်လိုလုပ်ရမလဲ။
STAI LEGGENDO
7️⃣ အချစ်ဟု ခေါ်သည် [ It's love ]
Storie d'amoreသူတို့အားလုံးဟာ အချစ်ဆိုတဲ့ခေါင်းစဉ် တစ်ခုအောက်မှာ ဘယ်သူကမှ မမှားပဲ ချစ်မိကြတဲ့လူသားများသာ ဖြစ်ပါသည်။ ချစ်ခြင်းဟာ အပြစ်ကင်းသော်လည်း လူတွေရဲ့အလိုဆန္ဒ မတူညီမှုတွေကြောင့် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲကာ ကွဲပြားသွားရသည်။ ပြီးတော့ ထိုအရာကိုပဲ အချစ် ဟုခ...