Episode-1

3.7K 100 5
                                    

"မင်းမိုရ် လိုက်ခဲ့ပါကွာ ငါ ဇေယျာ့ကိုရော နေရဲကိုရော ပြပြီးပြီ၊ အဲ့အလှလေးကိုကြည့်ဖို့ မင်းပဲကျန်တော့တာ
မင်းသာမြင်ရင် တကယ်ကြွေသွားမှာ"

"ေဘာမို့ ငါကကြွေရမှာလား
မုန့်ဟင်းခါးသည်ကို"

"ဟုတ်တယ် တကယ်အလှလေး ငါတို့လို အဖြောင့်ကောင်တွေတောင် အဲ့တစ်ယောက်လှတာ လက်ခံတယ်"

"ဒီတစ်ခါတော့ အာကာ ပြောတာတကယ်မှန်တယ်ကွ"

အာကာ့၏စကားကို ဇေယျာနှင့်နေရဲက ထောက်ခံသလိုပြောသည်။

သူတို့အဖွဲ့တွင် အာကာနှင့်သူက Biဖြစ်ပြီး ဇေယျာနှင့်နေရဲက straightများဖြစ်ကြသည်။

အာကာ၏အကျင့်ဆ်ိုးက အစားတစ်ခုခုသူကြိုက်ပြီဆို ကျန်တဲ့လူတွေပါ အကုန်လိုက်ကျွေးခြင်း၊လူတစ်​ေယာက် ပစ္စည်းတစ်ခုခုကို သူသဘောကျပြီဆို သူ့လို သဘောကျစေ၍အကုန်လုံးအား လိုက်ပြခြင်းပင်၊
ပြတိုင်းလည်း တစ်ခါမှ မမှန်
အခုလည်း စလာပြန်ပြီ။

လွန်ခဲ့တဲ့တစ်ပတ်လောက်က အာကာတို့အိမ်မှ ထမင်းချက်အဒေါ်ကြီး၏ သူတို့ရပ်ကွက်ထဲက မုန့်ဟင်းခါးအားဝယ်ပြီး အာကာ့အားမနက်စာစီစဥ်ပေးခြင်းမှ မုန့်ဟင်းခါးသည် ဇာတ်လမ်းစတင်သည်။

အစားသရဲအာကာက အဲ့မုန့်ဟင်းခါးစားပြီး ထမင်းချက်အဒေါ်ကြီးတို့၏လမ်းထဲသို့ မုန့်ဟင်းခါးထပ်သွားစားသည်။
မုန့်ဟင်းခါးဆိုင်က ပြန်လာချိန်ကစပြီး အလှလေး အလှလေးနှင့် သူတို့ ၃ယောက်ကို မနားတမ်း မုန့်ဟင်းခါးသည် ကယောကျ်ာလေးဖြစ်ပြီး ​မည်မျှ လှကြောင်း၊
ချောကြောင်းကို ဖောက်သည်ချသည်။

"မုန့်ဟင်းခါးသည်ပေမဲ့ကွာ တကယ်လှလို့ ငါကမင်းကိုပြချင်လို့ပါ၊
ငါ့လို မကွေးတကွေးလေးတောင် ကွေးချင်သွားအောင်ထိ လှတာ
ဘာလဲ မင်းအလှလေးကို စွဲလမ်းသွားမှာစိုးလို့ မကြည့်ရဲတာလား ဟားဟား"

အာကာက မင်းမိုရ်မခံချင်အောင်ပြောသည်။

"ဘာကိစ္စ ငါကမကြည့်ရဲရမှာလဲ မင်းမိုရ်ထွဋ်ခေါင်ဆိုတဲ့ ငါ့က်ို စွဲလမ်းအောင်လုပ်နိုင်တာ ဒီကမ္ဘာမှာ မမွေးဖွားလာသေးဘူး သဘောပေါက်! မနက်ဖြန် အဲ့မုန့်ဟင်းခါးသည်ဆီ သွားမယ်
အခုတော့ ငါပြန်ပြီ။"

နှလုံးသားတစ်ခုမှ အစတည်သည် (M-preg)Where stories live. Discover now