နှောင်းရိပ်တစ်ယောက် နန်းတော်ကြီးနှင့်တူသော ဖေဖေ့အိမ်ထဲသို့ ထပ်ရောက်နေရပြန်ပြီ။
ဖေဖေ့၏ ပထမအိမ်ထောင်မှရသော မကြီးနှင့်မလေးက မနေ့ညနေက အိမ်ထိရောက်လာပြီး မောင်လေးကို အိမ်လည်လာခေါ်တာဟူသော စကားကြောင့် ဖေဖေ့အိမ်သို့ လိုက်သွားခဲ့သည်။
ဖေဖေ့ ပထမဇနီး မေမေကြီး အိမ်မှာမရှိ၍လာခေါ်ခြင်းကို နှောင်းရိပ်အတပ်သိသော်လည်း
မွေးချင်းမရှိသော နှောင်းရိပ်အဖို့ မမကြီးနှင့်မမလေး၏ လာခေါ်သည်ကို သဘောကျပါသည်။"မောင်လေး မာမီက ၁ပတ်တောင်အိမ်မှာမရှိမှာ ၆ရက်လောက်တော့ မမတို့နဲ့နေနော် ဒယ်ဒီကလည်း overseaထွက်သွားတာ ၁လလောက်ကြာနေပြီ အိမ်မှာ မကြီးနဲ့ မလေးတို့ နှစ်ယောက်ထဲရယ်"
ပိန်ပိန်ပါးပါးနှင့် သူ့ မလေး အပျိုကြီးဝါဆိုဦးက ပြောသည်။
အကြီးမ ကြည်ပြာဦးကလည်း
"ဟုတ်တယ် မကြီးတို့ ဆိုင်သွားထိုင်ရတာနဲ့ မောင်လေးနဲ့ တွေ့ချိန်က ညနေပိုင်းလောက်ပဲရှိတာ
၆ရက်လောက်နေပြီးမှ ပြန်နော်""မကြီး သား ...ဆိုင်ကိုအဲ့လောက်မပိတ်ချင်ဘူး ၃ရက်လောက်တော့ နေမယ်လေ"
"အင်းပါ .....၃ရက်ဆိုလည်း ၃ရက်ပေါ့"
ညီအစ်မနှစ်ယောက်ထဲရှိ၍မောင်လေး လိုချင်သည်မှာ ကြည်ပြာတို့ ငယ်ငယ်ထဲက ဖြစ်သည်။
ဒယ်ဒီခေါ်လာသော မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ချစ်စရာကောင်းသော ၁၉နှစ်အရွယ်မောင်လေးသည် မာမီ မွေးသော ကလေးမဟုတ်ပေမဲ့ ဖေဖေ့သွေးပါသည်ဆိုသောအသိကြောင့် သူတို့ချစ်သည်။
ကြည်ပြာနဲ့ဆို ၁၀နှစ်ကွာပြီး ဝါဆိုနဲ့ဆို ၇နှစ်ကွာသော မောင်လေးကို မာမီကတော့ မုန်းပါ၏။ လွန်ခဲ့သော ၁နှစ် မောင်လေးကို ဒယ်ဒီခေါ်လာစဥ်က အလုပ်သမားတွေနဲ့ အတူတူထားပါမည် ပြောသော်လည်း မာမီ၏ အဲ့ မျိုးမကောင်းလေးကို ကျွန်မအိမ်မှာ မထားနိုင်ဘူးဟု အပြတ်ပြောသောကြောင့် ဒယ်ဒီက အပြင်တွင် အိမ်ဝယ်၍ထားခဲ့သည်။ ကြည်ပြာတို့စိတ်နဲ့ဆို အိမ်ခေါ်ထားမည်ဆိုသော်လည်း မာမီ့ကိုကြောက်ရသဖြင့် ဝင်မပြောရဲခဲ့ပါ။ထို့ကြောင့် မာမီမရှိသောအချိန်တွင်သာ မောင်လေးကို အိမ်လည်ခေါ်ခြင်းဖြစ်သည်။
YOU ARE READING
နှလုံးသားတစ်ခုမှ အစတည်သည် (M-preg)
Romanceဤဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ ဒီလို ဇာတ်လမ်းမျိုးကို စုရေးချင်နေတာ ကြာပါပြီ။ မရေးတတ်မှာစိုးတာကြောင့် ဇာတ်လမ်းကို အတွေးတွေနဲ့ပဲ ပုံဖော်ဖြစ်ခဲ့တာပါ အခု ကြိုးစားပြီးရေးသွားမှာမို့ လိုက်ပါပြီး ဖတ်ပေးကြပါဦးလို့