"ကိုကို ထည့်စားနော်"
ပြောလည်းပြော ကြက်သား တစ်တုံးကို သူ့ပန်းကန်ထဲ လာထည့်ပေးသူက ဂရုတစိုက်ရှိလှသည်။ သူ့မျက်နှာက်ိုတော့မကြည့်။အနေရခက်နေပုံပင်
"အင်း ကိုယ်စားပါတယ် "
ထမင်း နှစ်ပွဲအပြင် ကြက်သားဟင်းတစ်ခွက်၊ပဲသီးနဲ့ကြက်ဥရောကြော်ထားသော ဟင်းတစ်ခွက်၊ ချောကလက်တုံးပြောသော ငါးငံပြာရည်ချက်က ဘေးတွင် တို့စရာအစုံနှင့်
စားပွဲဝိုင်းလေးတွင် နေရာပင်ပြည့်နေချေသည်။အိမ်ကထမင်းဝိုင်းမျိုးမဟုတ်ပေမဲ့ ရိုးရိုးရှင်းရှင်းနဲ့ ပြင်ဆင်ထားပုံမှာစားချင်စဖွယ် ဖြစ်နေ၏။"စားကောင်းရဲ့လား ကိုကို"
ထမင်းစားပြီးသည့်နောက် ပန်းကန်တွေသိမ်းနေသူက မေးလာ၏။
"အင်း စားကောင်းတယ်"
"မင်းက ဟင်းချက်တော်တာပဲ""ဟီး"
"ကျွန်တော်က တစ်ယောက်ထဲနေတာဆိုတော့ ထမင်းစားရင် အမြဲတစ်ယောက်ထဲပဲ"
"မေမေရှိတုန်းကတော့ အမြဲ ၂ယောက်အတူတူ စားတာ တစ်ယောက်မအားရင် တစ်ယောက်ကစောင့်ပြီးလေ
တစ်ချို့ကပြောတယ် ဝမ်းချင်းဆုံတာမှ မဟုတ်တာတဲ့ ဝမ်းချင်းမဆုံပေမဲ့ ထမင်းစားဖော်ရှိတာက ထမင်းပိုစားကောင်းတာကိုကိုရ "ထမင်းစားကောင်းတယ်ပြောလို့ ဝမ်းသာသွားတဲ့မျက်နှာလေးက ပြုံးပြုံးလေးနှင့် မျက်လုံးဝိုင်းဝိုင်းလေးများက ချစ်စရာကောင်းလွန်း၏။
အထီးကျန်နေပုံရတဲ့ကောင်လေးက သူ့အမေကို သတိရနေပုံပင်၊သူ့ကို အာကာ ချောကလက်တုံးကို ပထမဆုံးပြပြီးထဲက ချောကလက်တုံးအကြောင်းသူစုံစမ်းထားပြီးဖြစ်သည်။လွန်ခဲ့သော တစ်နှစ်ကျော်လောက်က ဒီရပ်ကွက်ထဲကိုပြောင်းလာသည်က လွဲပြီး ကျန်တာမသိရ။
"ဟုတ်လား အဲ့ဒါဆို မင်းအဖော်ရှိအောင် ကိုယ်နေ့တိုင်း ထမင်း လာစားပေးရတော့မယ်ထင်တယ်"
"မင်းကကျွေးနိုင်ရဲ့လား "
"ရပါတယ် တစ်ယောက်စာကတော့ အေးဆေးပါ"
"ကျွန်တော်က ထမင်းစားဖော်ရတော့ ပျော်တောင်ပျော်သေးတယ်"
YOU ARE READING
နှလုံးသားတစ်ခုမှ အစတည်သည် (M-preg)
Любовные романыဤဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ ဒီလို ဇာတ်လမ်းမျိုးကို စုရေးချင်နေတာ ကြာပါပြီ။ မရေးတတ်မှာစိုးတာကြောင့် ဇာတ်လမ်းကို အတွေးတွေနဲ့ပဲ ပုံဖော်ဖြစ်ခဲ့တာပါ အခု ကြိုးစားပြီးရေးသွားမှာမို့ လိုက်ပါပြီး ဖတ်ပေးကြပါဦးလို့