"နှောင်းရိပ်သွင် ကိုယ်နဲ့ အပြင်သွားရအောင်"
"ဗျာ"
"ကိုယ် ဝယ်စရာရှိလို့ အပြင်လိုက်ခဲ့ နှောင်းရိပ် အားတယ်မလား"
"ဟုတ် အားပါတယ် ကိုကို..."
အားရဲ့လားလို့ မမေးပဲ အားတယ်မလားလို့ မေးလာတဲ့ ကိုကိုက စကားပြောတဲ့အရာမှာ ပိုင်စိုးပိုင်နင်း ဆန်တာသိသော်လည်း သူမငြင်းဖြစ်ခဲ့ပါ။
သူကိုယ်တိုင်ကိုက ကိုကိုနဲ့အတူ အပြင်သွားချင်ခဲ့နေတာပဲလေ။*********
ဝယ်စရာရှိတယ်ဆိုပြီး ပြောလာတဲ့ ကိုကိုက suit တွေ တစ်ထည်ပြီး တစ်ထည် သူ့ကိုယ်မှာ လာကပ်ကြည့်ပြီး
နောက်ဆုံး နီညိုရောင် Suit အား အကြိုက်တွေ့ပြီ ထင်ပါရဲ့ အဝတ်လဲခန်းထဲ သူ့အား တွန်းလွှတ်ပြီး ဝတ်ခိုင်းနေ၏။"ကိုကို ကျွန်တော် မလို..."
"ကိုယ်က လိုလို့ ဝတ်ခိုင်းတာ သွားဝတ်လိုက်"
သူ့အား စကားအပြောမခံ ဖြတ်ပြောပြန်သည်။
မင်းမိုရ် ချောကလက်တုံးက အသားညို၍ နီညိုရောင်သာ ရွေးပေးလိုက်၏။ သူ့အတွက်က အိမ်မှာ Suit ရောင်စုံရှိတာကြောင့် ဝယ်စရာမလိုပါ။
အဝတ်လဲခန်းရဲ့ တံခါးအဖြစ်လုပ်ထားသော လူတစ်ရပ်စာ မှန် တံခါး ပွင့်သွားသည်နှင့်တပြိုင်နက် အသားည်ိုညို၊ ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ လိုက်ဖက်လွန်းလှစွာ နီညိုရောင် Suit ကို ချပ်ချပ်ရပ်ရပ် ဝတ်ထားသော ပုံရိပ်လေး တစ်ခု ထွက်လာသည်။အသားညိုသည်ဟု ထင်ရသော်လည်း ထိုပုံရိပ်လေး၏ အသားအရေမှာ ညိုညက်ညက်လေးဖြစ်၏။ဆိုင်ထဲရှိ သူ့အားဝိုင်းကြည့်နေကြသော ဝန်ထမ်းကောင်မလေးများကြောင့်လား သူ့အရှေ့တွင် မလှုပ်မယှက် ကြည့််နေသော လူသားတစ်ယောက်ကြောင့်ပဲလား မသိ မနေတတ်ဖြစ်နေပုံပေါ်ကာ ဝိုင်းစက်စက် မျက်လုံးများကို ကာရံထားသော ခပ်ရှည်ရှည် ကော့ကော့ မျက်တောင်များအား ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။
အဟမ်း !
"ရပြီ အနေတော်ပဲ ကျပ်နေသေးလား နှောင်းရိပ်"
ချောကလက်တုံးအား သိသိသာသာ ငမ်းနေကြသော ဝန်ထမ်းမလေးများအား အကြည့်များ ရုတ်သိမ်းစေရန်အလို့ငှာ သူချောင်းဟန့်ပြီး အင်္ကျီက ကွက်တိကျကြောင်း ပြောလိုက်၏။
YOU ARE READING
နှလုံးသားတစ်ခုမှ အစတည်သည် (M-preg)
Roman d'amourဤဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ ဒီလို ဇာတ်လမ်းမျိုးကို စုရေးချင်နေတာ ကြာပါပြီ။ မရေးတတ်မှာစိုးတာကြောင့် ဇာတ်လမ်းကို အတွေးတွေနဲ့ပဲ ပုံဖော်ဖြစ်ခဲ့တာပါ အခု ကြိုးစားပြီးရေးသွားမှာမို့ လိုက်ပါပြီး ဖတ်ပေးကြပါဦးလို့