မင်းမိုရ် ခေါင်းကိုခါယမ်းပြီး အနမ်းများအား တိမ်းရှောင်နေသူအား စိတ်မရှည်စွာ ခေါင်းလုံးလုံးလေးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်၏။ ထို့နောက်တွင် သူ့လက်တစ်ပွေ့စာရှိသော ခါးလေးအား တင်းကျပ်နေအောင်ဖက်ထားလိုက်ပြီး သူ့ရင်ဘတ်နှင့် ကပ်စေလိုက်သည်။
ချောကလက်တုံးက အရမ်းမပိန်သော်ငြားသူနဲ့ယှဥ်လျှင် အလိုလိုသေးသွားသည်။ အားလပ်နေသော လက်နှစ်ဖက်ဖြင့် သူ့ရင်ဘတ်အား တွန်းလွှတ်နေသည်မှာ အားသန်လှ၏။ မလွတ်ထွက်အောင် အတင်းဖက်ထားရသည်။
တင်းကျပ်ကျပ်အဖက်ခံထားရသောခန္ဓာ ကိုယ်အား ပိုတိုး၍ ဖက်လိုက်ပြီး ကားကူရှင်ပေါ်သို့ လှဲချလိုက်သည်။မင်းမိုရ်ကိုယ်တိုင်လည်း ညိုစိမ့်စိမ့်အသားအရေရှိသော လူသားပေါ်သို့ အုပ်မိုးလိုက်ပြီးနောက် နှုတ်ခမ်းပါးများကို ခဏတာလွတ်မြောက်ခွင့်ပေးလိုက်သည်။ကော့ညွှတ်နေသော မျက်တောင်ရှည်များ၊ဝိုင်းစက်စက်နှင့် အရည်လဲ့နေသော မျက်လုံးများ၊ ငွေမျှင်ရောင် အရည်များတန်းနေသော နှုတ်ခမ်းပါးများဆီ အကြည့်အရောက် ထပ်မံ၍ ထိုနှုတ်ခမ်းပါးများ၏ အရသာအား မြည်းစမ်းကြည့်ချင်လာပြန်သည်။
နှောင်းရိပ် ကိုကို့အား အတင်းရုန်းကန်၍ ငြင်းလို့ ရသော်လည်း မလုပ်ဖြစ်ခဲ့ပါ။ လက်များဖြင့်သာ ရင်ဘတ်ကျယ်ကျယ်ကြီးအား တွန်းဖြစ်ခဲ့သည်။ သူ့အားပြင်းမှုကြောင့် ကိုကို့အား နာကျင်စေမည်ကို မလိုလားခြင်းကြောင့်ပင်။
သူ့ကိုယ်ပေါ်အုပ်မိုးလာသည့် ကိုကိုက သူ့နှုတ်ခမ်းပါးများကို ထပ်နမ်းလာပြန်သည်။ ဒီအခြေအနေကြီး ကို တကယ်မကြိုက်လှပါ။ ငြင်းဆန်ချင်သည့် ဆန္ဒများရှိနေသော်လည်း သူ့နှလုံးသားက ဒီအခြေအနေကို ကြိုက်နှစ်သက်ပုံပင်။
ပြွတ် !
ပြွတ်!
မင်းမိုရ် အားမရဖြစ်လာကာ အောက်နှုတ်ခမ်းလေးအား ခပ်ဆတ်ဆတ် ကိုက်ချလိုက်သည်။ သူလျှာအား သည်ကောင်လေး လျှာနုနုလေးနဲ့ လုံးထွေးစေချင်တာကြောင့် ဖြစ်သည်။
နာသွား၍ထင်သည်။ နှုတ်ခမ်းဟပေးလာသူ၏ အာခံတွင်းထဲသို့ သူ့လျှာအားဝင်စေပြီး လျှာနုနုအား စုပ်နမ်းလိုက်သည်။ နမ်းခြင််းအတတ်ပညာကို သူတစ်ခါမှ လက်တွေ့မသင်ကြားဘူးပါ။
YOU ARE READING
နှလုံးသားတစ်ခုမှ အစတည်သည် (M-preg)
Lãng mạnဤဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ ဒီလို ဇာတ်လမ်းမျိုးကို စုရေးချင်နေတာ ကြာပါပြီ။ မရေးတတ်မှာစိုးတာကြောင့် ဇာတ်လမ်းကို အတွေးတွေနဲ့ပဲ ပုံဖော်ဖြစ်ခဲ့တာပါ အခု ကြိုးစားပြီးရေးသွားမှာမို့ လိုက်ပါပြီး ဖတ်ပေးကြပါဦးလို့