"သားပေါက်လေး လာ ထိုင်ဦး"
"မာမီ ပြောစရာရှိတယ် ""ဘာပြောမလို့လဲ အချစ်တုံးကြီးရဲ့ "
အကြီး၂ယောက်မှာ မိမိအား ချစ်ကြောက်ရိုသေကြသော်လည်း ဒီအငယ်ဆုံးသားကတော့ ချစ်တာနဲ့ ရိုသေတာပဲ ရှိပြီး ပြောင်စပ်စပ်ပင် လုပ်ရဲပါသည်။
"သားပေါက်လေး ကောင်မလေးတွေတစ်ယောက်ပြီး တစ်ယောက်ထားနေတယ်ဆို"
"မာမီ မကြိုက်ဘူးနော် ""မတော်တရော်တွေနဲ့ တွေ့သွားရင် မာမီ ရင်ကွဲမှာ ပေါက်ကလေးရဲ့"
"အပျော်ပါ မာမီရယ် ဒါလေးတွေက မိုင်နာပါ"
မွ !
"သနပ်ခါးတွေ ပျက်ကုန်ပြီ ဒီခလေးကတော့
အပျော်လည်းမထားနဲ့ မာမီ မကြိုက်ဘူး အတည်ရှိတဲ့နေ့ မာမီ့ကို အရင်ပြ ကြားလား ပေါက်ကလေး"
"Yes မာမီ အခုရေချ်ိုးချင်နေပြီ သွားတော့မယ်"
မာမီ ပြောသလို သူရည်းစားများပါသည်။
မိန်းကလေးတွေသာမက Biဖြစ်သော သူ့အတွက် ယောကျာ်းလေးတွေနဲ့လည်း သူတွဲဖြစ်သည်။မာမီက မိန်းကလေးတွေနဲ့တွဲသေးသည်ကိုပဲ သ်ိသေးပုံရသည်။
ယောကျာ်းလေးတွေနဲ့ တွဲတာသာ သိလျှင် ပြသနာအကြီးကြီး ဖြစ်မှာ မလွဲပေ
သူရည်းစားများသော်လည်း မည်သူ့ကိုမှ ရင်မခုန်ခဲ့ဖူးသလို မည်သူ့ကိုမှလည်း မချစ်ဖူးပါ၊ သူနဲ့ကိုက်ညီသည်ဟုထင်သော သူများကိုသာ ရွေးတွဲခဲ့သည်။အချစ်နှင့် ပတ်သတ်လာလျှင် သူ့အတွေ့အကြုံက မူကြိုအဆင့်ပင်.....
ရည်းစားများသော အကြောင်းတွေးရင်း မဆီမဆိုင် ချောကလက်တုံးကိုပင် သတိရသွားသည်။
မင်းလည်း ရည်းစားများတာလား ဒါမှမဟုတ် စပွန်ဆာလား
ဝါဆိုဦး၊ ကြည်ပြာဦး လာခဲ့စမ်း!
မောင်နှမ ၃ယောက်သား ဆိုင်ကပြန်လာပြီး မောင်လေးအိမ်ထဲအရင်ဝင်သွားချိန်တွင် ထွက်လာသော မာမီ့အော်သံကြီးကြောင့် ကြည်ပြာတို့၂ယောက် လန့်သွားရသည်။
သွားပြီ မာမီပြန်လာပြီ
မာမီ ပြန်လာတာလား အစောကြီးနော် ၇ရက်ဆို
ကြည်ပြာ မျက်နှာချိုသွေးပြီးမေးလိုက်သည်။
YOU ARE READING
နှလုံးသားတစ်ခုမှ အစတည်သည် (M-preg)
Romantikဤဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ ဒီလို ဇာတ်လမ်းမျိုးကို စုရေးချင်နေတာ ကြာပါပြီ။ မရေးတတ်မှာစိုးတာကြောင့် ဇာတ်လမ်းကို အတွေးတွေနဲ့ပဲ ပုံဖော်ဖြစ်ခဲ့တာပါ အခု ကြိုးစားပြီးရေးသွားမှာမို့ လိုက်ပါပြီး ဖတ်ပေးကြပါဦးလို့