"ကိုကိုနဲ့ ငါက အခြေအနေတော်တော် ကွာတာပဲ"
နှောင်းရိပ်
အမြဲလိုလို အားငယ်တတ်တဲ့ စိတ်ကို ဖျောက်ထားခဲ့ပေမဲ့ ပြန်ပေါ်လာပြန်ပြီ။ဒါတွေဟာ ကိုကိုက အသိုင်းအဝိုင်းကြီးလောက်မှန်း သိပေမဲ့ တားမရဘဲ ရှေ့ဆက်တိုးချင်နေတဲ့ သူ့စိတ်တွေကြောင့်ကားမှန်ဘက်ကို မျက်နှာမူရင်း အတွေးများနေပုံရတဲ့ နှောင်းရိပ်ကြောင့် လမ်းတစ်လျှောက်လုံး အာကာ စကားမဆိုဖြစ်။တိတ်တဆိတ်သာ ကားကိုဂရုစိုက်မောင်းနေလိုက်၏။
"နှောင်းရိပ်
နှောင်းရိပ်"
"ဗျာ"
"ရောက်ပြီလေ ကိုယ်လမ်းထဲထိ လိုက်ပို့ပေးရမှာလား ကားကဝင်မရတော့ဘူး"
"စနောက်သလို ပြောလာတဲ့ ကိုအာကာကြောင့် နှောင်းရိပ် ရယ်လိုက်ရင်း
"ရပါတယ်ဗျာ ဒီအထိ လိုက်ပို့ပေးတာ ကျေးဇူးပါ"
"ဒေါက် ဒေါက်
ဟင်! ကိုကို
ကားမှန်ကို လာခေါက်သည့် ကိုကိုကြောင့် နှောင်းရိပ် အံ့သြသွားရသည်။
"ကိုကို ကဘယ်လို..."
ကားတံခါးဖွင့်ရင်း သူအောက်ဆင်းတော့ အောက်ကို ခြေထောက်နှစ်ဖက်တောင်မရောက်သေး ကိုကိုက သူ့လက်မောင်းရင်းမှ ဇွတ်တရွတ် ဆွဲခေါ်သည်။
"ဒီအချိန်ထိ ဘယ်သွားနေတာလဲဟမ် ငါစောင့်နေတာ ကြာပြီ"
မျက်ဝန်းညိုညိုများနှင့် တင်းနေသည့်မေးရိုးများ စုကျုံ့ထားသည့် မျက်ခုံးတန်းများက သူအား စိတ်တိုနေမှန်း သိသာလှ၏။
မင်းမိုရ် သူနဲ့မတွေ့သည့် တစ်ပတ်အတွင်း ဘယ်လိုမှ နေလို့ထိုင်လို့ မကောင်း။တစ်ခုခုလိုနေသလိုပင် ဘာကိုအလိုမကျမှန်းလည်းမသိ အိမ်မှာပြသနာတွေပဲ ရှာနေမိသည် ။နောက်ဆုံး မနေနိုင်သည့်အဆုံး သူ့အိမ်ရှေ့သို့ ရောက်ချလာခဲ့ရသည်။
တွေ့ချင်လို့လာခဲ့တာကို သူကမရှိ။
ဖုန်းခေါ်တော့လည်း မကိုင်ပြန်၊
လမ်းထိပ်ကို ထွက်စောင့်တော့ ဆော့နေသည့် ကလေးများက သူ့က်ိုမျက်မှန်းတန်းမိပုံပင်၊ကြောက်ကြောက်နှင့် လာခေါ်ကြ၏။
ကိုကြီးနှောင်းရိပ်ဆီ လာတာလားတဲ့
သူ ဟုတ်တယ်လို့ပြောလိုက်တော့ ကိုကြီးနှောင်းရိပ်ကို ခုနက ကားကြီးတစ်စီးပေါ်တက်သွားတာ မြင်တယ်တဲ့။
ထိုစကားအဆုံး သူ့ရင်ထဲ ဘာဖြစ်သွားမှန်းတကယ် မသိပါ။ ဟိုတစ်ခါက သူတွေ့ခဲ့တဲ့ မိန်းမနဲ့လား။
အတွေးမျိုးစုံဝင်ပြီးလမ်းထိပ်နဲ့ သူ့အိမ်ကို ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်မှာ ဘယ်နှခေါက်တွေမှန်းလည်းမသိ၊ခုလဲ ကားမောင်းသူနေရာကိုကြည့်ပြီး ဒေါသအလွန်အမင်း ထွက်လာရပြန်သည်။
ဒီချောကလက်တုံးက တကယ်အန္တရာယ်များတာပဲ
YOU ARE READING
နှလုံးသားတစ်ခုမှ အစတည်သည် (M-preg)
Romansaဤဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ ဒီလို ဇာတ်လမ်းမျိုးကို စုရေးချင်နေတာ ကြာပါပြီ။ မရေးတတ်မှာစိုးတာကြောင့် ဇာတ်လမ်းကို အတွေးတွေနဲ့ပဲ ပုံဖော်ဖြစ်ခဲ့တာပါ အခု ကြိုးစားပြီးရေးသွားမှာမို့ လိုက်ပါပြီး ဖတ်ပေးကြပါဦးလို့