P3🐈

90 9 0
                                    

Zawgyi

.

.

"နောက်မှ ဖြေးဖြေးချင်း ပြောပြမယ်"

"အခုပြောပြပါလား ဒယ်ဒီ "

"အင်း ဝေ့ရင်း ပြောပြလိုက်ပါ"

အခုမသိလဲ နောက်သိရမှာမို့
ပြောပြခိုင်းလိုက်သည်...

"အကျဉ်းချုံးပြောရရင်
ပါးတို့ တက္ကသိုလ် တုန်းက
သားဦးလေး ရှီးချန် နဲ့ ကျန်းချန် က
ချစ်သူတွေ တယောက်နဲ့ တယောက်
အရမ်းချစ်ကြတာ သူတို့ နှစ်ယောက်
ကျောင်းပီးရင် လက်ထပ်ကြမယ် ဆိုပီး
မိဘတွေကို ဖွင့်ပြောကြတော့
သားဖိုးဖိုးက သူတို့ကို လုံးဝမှ
သဘောမတူဘူး အကြောင်းပြချက်က
ကျန်းဖုန်းမြင့် ရဲ့သားမို့တဲ့
ရှီးချန်ကော ကိုလဲ နိုင်ငံခြားကို
ပို့ပြစ်လိုက်တယ်လေ အက်နေ့က
ကျန်းချန် က သူသာ ကျန်းဦးလေး ရဲ့
သားမဟုတ်ရင် ဆိုပီး အိမ်ပေါ်က
ဆင်းသွားတာ ကားကို အကြမ်းပတမ်း
မောင်းတော့ Accident ဖြစ်ပီး
တလလောက်သတိမေ့သွားခဲ့တာ
သူ့မားက သားစိတ်နဲ့ accident
ဖြစ်တဲ့ နေ့မှာတင် ဆုံးသွားတယ်
သူ့ပါးလဲ မကြာပါဘူး သူသာ
မရှိရင်သူ့သားပျော်ရမှာပဲဆိုပီး
အဆုံးစီရင်ခဲ့တယ် ကျန်းချန်
သတိရလာတော့ သူ့မိဘတွေ က
ဆုံးသွားခဲ့ပီ သူ့အမနဲ့ ယောက်ဖပဲ
ရှိတော့တာ သူ့အမက ကိုယ်ဝန်
နေ့စေ့လစေ့ကြီးနဲ့ ကလေးမွေးပီး
5လလောက်ကြာတော့ သူ့အမတို့
လင်မယားနှစ်ယောက်လဲ
Accident ဖြစ်ပီးဆုံးသွားကြတယ်
သူ့တူလေးကို သူကအကြောင့်
အရမ်းအလိုလိုက်ပီး အရမ်းချစ်တာ
သားနဲ့ သဘောတူမှာမဟုတ်ဘူး"

"ဖိုးဖိုး က ဘာလို့ ဦးလေးကျန်းချန်နဲ့
ဦးလေး ရှီးချန် ကို သဘောမတူတာလဲ
ဆိုတာက နားလည်ရခက်လိုက်တာ"

စစ်ကျွေး စဉ်းစားရင်း ပြန်မေးလိုက်သည်...

"ကျန်းချန် ရဲ့အမေက သား
အဖိုး နဲ့ ချစ်သူတွေ ဒါပေမယ့်
ကျန်းချန် ရဲ့ အဖေနဲ့ လက်ထပ်သွားတော့
သူတို့ကို မုန်းသွားတာ "

ဒါက မဖြစ်သင့်တာကြီးပဲ
မဟုတ်လား...

"မဖြစ်သင့်တာ အဆို ဦးလေးကျန်းချန်
သနားပါတယ် နော် "

မာယာညိုး/မာယာညိုး💙💛Where stories live. Discover now