P11🐈

77 10 2
                                    

Zawgyi

ဆွဲခေါ်လာသော လက်ကို
ဆိုင်ပြင်ရောက်မှ လွှတ်ပေးလိုက်သည်...

"ဦးဦး ဘာဖြစ်နေတာလဲ "

ကျင်းလင် ရုတ်တရက်ကြီး
ထပြီး ဘာဖြစ်ရတယ် မသိတာမို့
မေးလိုက်တော့...

"ဘာမှမဖြစ်ဘူး ပြန်တော့
အိမ်ပြန်မယ်"

သူ့ကို အိမ်ပြန်ခိုင်းတာမို့
ကျင်းလင် မျက်နာ ဆူပုတ်သွားတော့သည်...

"ဟွန့်"

"ထက်မပြောချင်ဘူး နော် "

"ဟုတ် "

ကျန်းချန် ရဲ့ ရာဇသံကြားမှ
ကျင်းလင် မိမိကားရှိရာသို့
သွားလိုက်ပီး ကိုယ့်ဟာကိုယ်
အိမ်ပြန်လာလိုက်သည်...

ကျန်းချန် ကျင်းလင် ပြန်သွားမှ
သူလဲ ထွက်သွားလိုက်သည်...

................

"အားချန် ဒီနေ့ သူ့မွေးနေ့ပဲ"

ရှီးချန် နူတ်မှ ရေရွတ်လိုက်သည်...

လန်ကျန့် အကိုဖြစ်သူရဲ့
အခြေနေကို နားလည်တာမို့...

"အားယွမ့် အားရီ ကို ခေါ်ပီး
အိမ်ပြန်လိုက်တော့"

"ဟုတ် "

ကျင်းရီ တယောက်အကိုဖြစ်သူရဲ့
ခေါ်ဆောင်မူ့နောက် နောက်လှည့်ကြည့်
လှည့်ကြည့်နဲ့ ပါသွားတော့သည်...

ကလေးတေထွက်သွားမှ ဝေ့ရင်း
စကားစလိုက်သည်...

"ကျန်းချန်က အားရီ နဲ့ ရှီးချန်ကောကို
အထင်လွဲသွားတာလား"

ဖြစ်နိုင်သည် မနေ့က ဝမ့်ကျီး ပြောလိုက်တဲ့
စကားနဲ့ ဒီလိုအခြေနေနဲ့ဆိုရင်ပေါ...

"ကော သွားစရာရှိသေးလို့
သွားပီ "

ပြောပီး ထထွက်သွားသော
အကိုဖြစ်သူကို လန်ကျန့်
လှမ်းအော်ပြောလိုက်သေးသည်...

"ဟုတ် ကားကိုဂရုစိုက်မောင်းကော"

"ပြန်ရအောင် လန်ကျန့် "

"အင်း "

သူတို့လဲ မှာထားပီးသားဖြစ်သော
အစားစာတေအတွက် ပိုက်ဆံသာ
ရှင်းပီး ပြန်လာခဲ့လိုက်ကြသည်...

မာယာညိုး/မာယာညိုး💙💛Where stories live. Discover now