P5🐈

86 11 2
                                    

Zawgyi

"ကော...ကျနော် ဒီမှာ"!

လေဆိပ်မှာ အော်ဟစ်နေသော
ကောင်လေးရယ်ပါ...

စစ်ကျွေး မနက်အစောထကာ
လေဆိပ်ကိုထွက်လာတာ
ကြိုပီးရောက်နှင့်နေပီဖြစ်သော
ညီဖြစ်သူက အကိုကို မြင်တာနဲ့
တန်းအော်လေသည်...

"ကောနောက်ကျသွားလို့
Sorry နော် ဟိုမှာ ဦးဦး ရော
အဆင်ပြေရဲ့လား "

စစ်ကျွေး ညီဖြစ်သူဆီကို
သွားလိုက်ပီး မေးလိုက်တော့...

"ပြေပါတယ် ကောရဲ့ ဒယ်ဒီကလေ
ကျနော် ကို မှာလိုက်တယ် ကောတို့နဲ့
ကောင်းကောင်းနေတဲ့"

"အင်း လာ အိမ်အရင်သွားမှာလား
ကျောင်းအရင် သွားမှာလား"

"ကျောင်းအရင်သွား ကြမယ်လေ
ပါပါး ရှန့်ရှန့်နဲ့ ဒယ်ဒီ တို့ရော
နေကောင်းကြရဲ့လား ဟင်"

"ကောင်းပါတယ် အခုတောင်
ကုမ္ပဏီ သွားကြပီ"

"အဆို ကျောင်းက ပြန်ရင်
ကုမ္ပဏီ သွားကြမလား "

"ချီးထုပ် သဘောပါကွာ "

"အဲ့ ချီးထုပ်လေးကို မချစ်ဘူးလား
ကျနော် က လွမ်းနေတာမို့
ပြန်လာတာနော်"

"ဟုတ်ပါပီဗျာ သွားရအောင် "

စစ်ကျွေး တို့ ညီကိုနှစ်ယောက်
လေဆိပ်မှ ပေကျင်း တက္ကသိုလ် သို့
သွားကာ ကျောင်းအပ်ကြပီး
ကုမ္ပဏီ သိုသွားကြသည်...

ဒီကောင်လေးက ဦးဦး ရှီးချန် ရဲ့
သားဆိုလဲ ဟုတ်တယ် ပါးနဲ့ ဒယ်ဒီ ရဲ့
သားဆိုလဲ ဟုတ်တယ် ကျနော်
6နှစ်သားလောက်တုန်းက
မိဘမဲ့ဂေဟာမှာ အလှူသွားလုပ်ကြတုန်းက
အနီးထုပ်လေးနဲ့ ပေါက်စလေးကို
ချစ်လို့ မွေးစားခဲ့ကြတာ လန်ကျင်းရီ တဲ့
သူဆယ်နှစ်သားအရွယ်ရောက်တော့
ဦးဦးရှီးချန် က နိုင်ငံခြားကနေ
အလည်ပြန်လာတုန်းက သူမွေးစားမယ်
ဆိုပီးခေါ်သွားတာ ခုမှပဲ ပြန်လာတော့တယ်
အခုတော့အရမ်းမွှေတဲ့ ငမွှေလေးဖြစ်နေပီ
ငယ်နဲ့ ရွယ်တူပဲလေ...

...............

"ဟျောင့် ကျင်းလင် မင်းမနေ့က
ဆူခံရသေးလား"

နေ့လည်စာစားရင်း
ဇီကျိန်း ကျင်းလင် ကို စလိုက်သည်...

"နဲနဲ ပါ"

မာယာညိုး/မာယာညိုး💙💛Where stories live. Discover now