P13🐈

86 11 3
                                    

Zawgyi

"ဆရာ ကျနော့ အကို အခြေနေ"

ဇီထျန်း အရေးပေါ်ခန်းထဲမှ
ထွက်လာတဲ့ ဆရာဝန်အားမေးလိုက်သည်...

"လူနာက အသက် အန္တရယ် တော့
မစိုးရိမ်ရတော့ပါဘူး ဒါပေမယ့်
လူနာက အောက်ပိုင်းသေသွားပီး
အတိတ်မေ့ဖို့လဲ ရာခိုင်နူန်းများတယ်
ကျနော် တို့ဘက်က အကောင်းဆုံး
ကုပေးမှာပါ"

ဆရာဝန် က မျက်နာမကောင်းစွာ ပဲ
ဖြေလာသည်...

ဆရာဝန်တေတောင် မကယ်နိုင်တာမို့
ဇီထျန်း လဲ မိမိဆရာလဲတဖြစ် အကို ဝမ်းကွဲ
ဖြစ်သူအတွက် ဘာမှမတက်နိုင်...

"ဟုတ်ကဲ့ ပါ"

"ခနနေရင် လူနာကို အခန်းပြောင်းလို့
ရပါပီ"

"ကျေးဇူးပါ "

ဆရာဝန် ထွက်သွားတာနဲ့
အသံတုန်ရီစွာနဲ့ အနားရောက်လာသော
ကျင်းလင်...

ဆရာဝန်ပြောသွားတာတေ
ကြားလိုက်တယ် ထင်ပါရဲ့...

"အကို..ဇီးထျန်း "!
အကို..ဇီးထျန်း..ဦးဦး သူ"

ကျင်းလင် ဆေးရုံ ရောက်ရောက်ခြင်း
အရေးပေါ်ခန်းကို ပြေးလာတာ
ကြားလိုက်ရတဲ့စကားက သူ့အတွက်
တော်တော်နာကျင်ရပါသည်...

သူ့မိဘတွေ မရှိတော့ကတည်းက
ဦးလေးဖြစ်သူကပဲ အဖေလိုတမျိုး
အမေလို တမျိုး ၊ ဦးလေးလို တမျိုး
စောင့်ရှောက်ပေးခဲ့တာ သူသာမရှိရင်
သူဘလိုလုပ်တယောက်ထဲ လောကကြီးထဲ
အသက်ရှင်ရမလဲ...

အတွေးနဲ့ တင် လူက
ခြေထောက်တွေတောင်မှ
မခိုင်တော့ ကြမ်းပြင်ပေါ်ထိုင်ချလို့
ငိုနေမိသည်...

"အားလင် "!

ဇီထျန်း မိမိတူဖြစ်သူကို
ဘလို နှစ်သိပ်ရမလဲပင် မသိတော့ပါ...

"ကျနော် ဘလိုလုပ်ရမလဲ 'ဟင့်"

ကျင်းလင် ကူကယ်ရာ မဲ့စွာပဲ
ဇီထျန်းကို ဖက်ရင်း မေးလိုက်သည်...

"ဘာမှမဖြစ်ဘူး ကောက
ပြန်ကောင်းလာမှာပါ အားလင်က
အခုလို ငိုနေလို့ မဖြစ်ဘူး လေ
အားလင် ရဲ့ ဦးဦး သတိရလာရင်
အားလင်ငိုနေတာတွေ့ရင် စိတ်မကောင်း
ဖြစ်သွားမှာပေါ့"

မာယာညိုး/မာယာညိုး💙💛Where stories live. Discover now