P7🐈

78 10 2
                                    

Zawgyi

' ဒေါက်' ဒေါက် 'ဒေါက် '

ကျင်းရီ ကျောင်းလိုက်ပို့မယ်ဆိုပီး
အခုထိမထသေးသော အကိုဖြစ်သူကို
လာနိုးခြင်း...

"ကောရေ ထတော့ လေ
ကျနော် ကို ကျောင်းလိုက်ပို့မှာဆို
ဝင်ခဲ့မယ်နော်"

တခါးဖွင့်ပီး ဝင်လိုက်တော့
မြင်လိုက်ရတဲ့မြင်ကွင်းက...

"အိုး ! ဒါက ဘာတွေလဲ"

ကျင်းရီ အခန်းအပြည့်ကပ်ထားတဲ့
ဓာတ်ပုံတွေနဲ့ နံရံအလွတ်မှာချိတ်ထားတဲ့
5'ပေပတ်လည်လောက်ရှိတဲ့
ဓာတ်ပုံအကြီးကြီးကြောင့်
ကြောင်ပီးရပ်နေမိသည်...

စစ်ကျွေး ကျင်းရီ အသံကြောင့်
နိုးလာကာ အခန်းဝတွင်
ရပ်နေသော ညီဖြစ်သူကို...

"ချီးထုပ်လေး အဲ့နားမှာ
ဘာလုပ်နေတာလဲ "

အကိုဖြစ်သူ အသံကြားမှ ပြန်ပီး
သတိဝင်လာသော ကျင်းရီ...

"ကော သူက ဘသူလဲ
ကောရဲ့ ကောင်လေးလား"

ညီဖြစ်သူအမေးကို စစ်ကျွေး
ပြုံးလိုက်ကာ...

"အင်း အခုတော့ မဟုတ်သေးဘူး "

ကျင်းရီ တခုကိုသတိရသွားသည်
ဟုတ်တာပဲ သူဒါမျိုးမြင်ဖူးတယ်...

"တဖက်သက်ကြီး လား
ကောရာ မမိုက်လိုက်တာ
ဒါနဲ့ ဒယ်ဒီ အခန်းထဲမှာလဲ
အဲ့လိုမျိုး ဓာတ်ပုံ အကြီးကြီး
တပုံရှိတယ်သိလား လိုက်ကာ
ခရမ်းရောင်ကြီးနဲ့ ကွယ်ထားတာ
ကျနော် မမြင်တော့မမြင်ဖူးဘူး
ဒယ်ဒီ ကအဲ့ပုံကိုကြည့်မလို့ရှိသေးတယ်
ရောက်လာပီး ကျနော် ကိုလဲ
ဆူသေးတယ်"

ကျင်းရီ ပြောတာကို သဘောပေါက်တဲ့
စစ်ကျွေး ကတော့...

"ဟုတ်ပါပြီ ဦးဦး ကို
စိတ်မဆိုးနဲ့နော် ဦးဦး ကလဲ
ဆူချင်လို့ဆူတာမဟုတ်လောက်ပါဘူး"

ကျင်းရီ သိပါသည် သူ့ကို
ဒယ်ဒီ က အချစ်ဆုံး မဟုတ်လား...

"ကျနော် သိပါပီ "

"အင်း ကောရေချိုးပီးဆင်းခဲ့မယ်
အောက်မှာ ပါးတို့နဲ့ စောင့်နေ"

"ဟုတ်ကဲ့ ဟုတ်ကဲ့ "

ကျင်းရီ အကိုဖြစ်သူ အခန်းထဲမှ
ထွက်လာလိုက်ကာ အောက်ထပ်မှ
ထမင်းစားခန်းဆီ သွားလိုက်သည်...

မာယာညိုး/မာယာညိုး💙💛Where stories live. Discover now