Zawgyi
တဖွဲဖွဲဖြင့် ကျနေသောမိုးနဲ့
အုံ့ဆိုင်းနေတဲ့ကောင်းကင်ယံက
သူ့ရင်ထဲ အလွမ်းများကို
တဆတဆနဲ့ ပိုတိုးလာစေသလို...ဒီမိုးက သူ့အတွက် ရွာနေတယ်ဆိုရင်
အလွမ်းမိုးဖြစ်မှာပါ...ကျန်းချန် နိုးစက်မည်သံကြောင့်
အိပ်ရာထလိုက်ချိန် ခေါင်းထဲမကြည်မလင်
လူကလဲ မိုက်ခနဲ နဲ့ မူးနေသလိုလို...အားတင်းကာ ထလိုက္ပီး
လန်းသွားအောင် ရေတခါတည်းချိုးကာ
ရုံးသွားဖို့ ပြင်ပီး အောက်ထပ်
ဆင်းလာလိုက်သည်...ပုံမှန်အတိုင်း ပြင်ထားသည့်
မနက်စာကို စားချင်စိတ်မရှိပါ
ဒါပေမယ့် လဲ ကော်ဖီမသောက်ပဲ
လိမ္မော်ရည် သောက်ဖို့သာတွေးလိုက်သည်..."လိမ္မော် ရည်တခွက်လောက်
လုပ်ပေးပါ"ထိုသို့ ပြောလိုက်တာကို
မနက်စာစားဖို့ လာတဲ့ ကျင်းလင်
ကြားလိုက်တာမို့..."ဦးဦး နေမကောင်းဘူးလား"
"ကောင်းပါတယ် စား စကားများမနေနဲ့"
စကားတေပြောနေရင် ညက
အကြောင်းတေပါ ပါလာမည်စိုး၍
ကျန်းချန် စကားလွှဲလိုက်သည်...ကျင်းလင် အခုမှ သူဝယ်ထားတဲ့
လက်ဆောင်မပေးရသေးတာကိုသတိရကာ
လွယ်အိပ်ထဲမှ ထုတ်လိုက်ပီး..."ဟုတ် မေ့တော့မလို့ ဒီမှာ
မွေးနေ့လက်ဆောင် နော်"စားပွဲ ပေါ်တင်ပေးလာတဲ့
နာရီလေးကိုကြည့်ရင်း
ကျန်းချန် ပြုံးလိုက်မိသည်...ဝမ်းသာ၍လား ဝမ်းနည်း၍လားတော့
သူကိုယ်တိုင်လဲမသိ..."အင်း ကျေးဇူး "
ကျင်းလင် သူ့ ဦးလေးလက်ကို
ကြည့်လိုက်တော့ နာရီပတ်မထားတာမို့..."အခု ပတ်သွားလိုက်ပါလား
လှတယ် "ကျန်းချန် ငြင်းမနေပါ ချက်ခြင်းပဲ
ပတ်လိုက်ပီး..."ကျေနပ်ပီ လား "
ကျင်းလင် သဘောကျသည်
ဒီနေ့ ဦးဦး နဲ့ သူနဲ့ အပေးယူ
တည့်နေသည်ထင်ပါ့...
YOU ARE READING
မာယာညိုး/မာယာညိုး💙💛
FanfictionZawgyi /unicode လှပတဲ့ ကလဲ့စားချေခြင်း တွေ ဘယ်မှာအဆုံးသတ်မလဲ....??? လှပတဲ့ ကလဲ့စားချေခြင်း တွေ ဘယ်မှာအဆုံးသတ်မလဲ....???