Unicode
"မောင် တော်တော့ "
"တော်ဘူးဗျာ ကိုကိုက ဒီလောက်ထိပင်ပန်းနေတာကို မောင်ကပြုံးနေရမာလား ဟမ်"
"တော်တော့ဆို "
"........"
"ဝမ် ရိ ပေါ် "
"ကိုကို တစ်ခြားသူအတွက်နဲ့ မောင့်ကိုမအော်နဲ့"
ဆက်ပြောမလို့ကြံနေတဲ့ မောင့်ကိုရှောင်ကျန်း အော်ပြီးပြောလိုက်သည်။ သူတို့က ကိုယ့်အိမ်လာတဲ့ ဧည့်သည်လေ အိမ်ရှင်က လုပ်ကျွေးပေးတာ ထုံးစံပဲမလား။ အခြားဧည့်သည်လည်းမဟုတ်ဘူး သူ့ရဲ့သူငယ်ချင်း ရီရှင်းတို့လေ ။ ကိုယ်ကစေတနာရှိလို့ ကိုယ်ကိုတိုင်လည်း ကြုံဖူးပြီးသားမို့ သူစားချင်တာလေး လုပ်ပေးတာကို ဘာလို့အကြီးအကျယ် လုပ်နေရတာလဲ ။မကြိုက်ရင်တောင် တစ်ဖက်လူကို အားနာသင့်တယ်မလား။
"အင်းပါ ငါတို့ကပဲ တောင်းပန်ပါတယ် စကားမများကြနဲ့တော့"
ရိပေါ်အကြောင်း သိရက်သားနဲ့ ရှောင်ကျန်းကို လုပ်ခိုင်းတာမို့ ကျန်းရီရှင်းက ပြန်တောင်းပန်လိုက်သည်။ အမှန်တော့ သူ့အမှားလည်း ဖြစ်နေတာမလား။
ကိုယ်တို့က
သူတို့အိမ်မာ လာနေပြီး သူတို့ကြောင့် ရန်ဖြစ်သွားမျိုး မလိုချင်တာမို့ ကျန်းရီရှင်းက ရိပေါ်ရောရှောင်ကျန်းကိုပါ တောင်းပန်လိုက်သည်။ထွက်သွားတဲ့ မောင့်နောက်ကို ကြည့်ပြီးရှောင်ကျန်း ခေါင်းခါနေလိုက်သည်။
"အားနာစရာကြီးဖြစ်သွားပြီ စိတ်ထဲမထားနဲ့ မောင်ကအဲ့လိုပဲ ...လာ...လာ...လာ ထမင်းသွားစားရအောင် "
"ရိပေါ်ရော.."
"ထားလိုက် ဆာရင်လာစားလိမ့်မယ်"
"ဒါပေမယ့် ..."
"ရပါတယ် ရီရှင်းရာ မင်းကမောင့်အကြောင်း မသိတာလည်း မဟုတ်ပဲနဲ့...စားရအောင် အားမနာနဲ့ အများကြီးစားနော်"
"ဟုတ် ရှောင်ကျန်း "
ရီရှင်း အခုဗိုက်ဆာနေပြီမို့ ဘာမှပြောမနေတော့ပဲ ထမင်းအရင်စားလိုက်သည်။ပြီးမှပဲ ရိပေါ်ကို ပြန်တောင်းပန်မယ်လို့ သူတွေးလိုက်သည်။
YOU ARE READING
Our Family (Completed)
FanfictionUnicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍