Part-25

1.7K 92 4
                                    

Unicode

လေတဖြူးဖြူးတိုက်နေတဲ့ လမ်းမကြီးအထက်မာ ခပ်ချောချောကောင်လေးတစ်ယောက်က ဆိုင်ကယ်မောင်းလာပြီးတော့ မဆုံရတာအတော် ကြာပြီဖြစ်တဲ့ သူ့ရဲ့သူငယ်ချင်းဆီသို့......

မတွေ့ရတာ အတော်ကြာသလို ဖုန်းဆက်ပြီးလည်း အဆက်မသွယ်မလုပ်ကြတာမို့ ယွီဘင်းပြန်လာတာကို ကျန်းချန်မသိ...

ကျန်းချန်တို့ အိမ်ရှေ့ရောက်တော့ ဦးနဲ့ဒေါ်လေးကို တွေ့တယ်

"နင်းဟောင် ဦး/ဒေါ်လေး နေကောင်းပါရဲ့လားဗျာ"

"သားက ယွီဘင်းမလား ဒေါ်လေးကသတိရနေတာ ‌ထွက်သွားတာလည်း ဒေါ်လေးတို့ကို မပြောဘူးနော်"

"ဟုတ် အဲ့အချိန်လောလောနေလို့ပါ ဟီး ဒါနဲ့ဦးတို့ ဆိုင်သွားတော့မလား"

"အေး သားရေ သားရဲ့သူငယ်ချင်းက အပေါ်မာ အိပ်နေသေးတယ် သွားရှာလိုက်ဦး"

"ဟုတ် အဲ့ဆိုသားသွားပြီနော်"

ယွီဘင်းလည်း ဒေါ်လေးနဲ့ဦးကို နှုတ်ဆက်ပြီး ကျန်းချန်ဆီ သွားလိုက်သည်။ဒီကောင် အလုပ်မသွားဘူးလား ဒီအချိန်အိပ်သေးတယ်ဆိုတော့....

ယွီဘင်းကျန်းချန် အခန်းတံခါးကို ဖွင့်လိုက်တော့ ကျန်းချန်က ကုတင်ပေါ်မရှိ
ရေချိုးတယ် အထင်နဲ့ ကျန်းချန်ရဲ့အိပ်ယာထဲကို စောင်ကို တစ်ကိုယ်လုံးခြုံပြီး Surpriseဖြစ်စေဖို့ စောင့်နေလိုက်သည်

ကျန်းချန်ရေချိူးခန်းထဲထွက်လာတော့ သူ့ရဲ့ကုတင်ပေါ်မာ စောင်ခြုံပြီး အိပ်နေတဲ့သူကို တွေ့လို့ တွေ့မယ်ဆိုပြီး ပြုံးနေလိုက်တယ် သူလည်းခြေသံမထွက်အောင် တဖြည်းဖြည်းလျှောက်လာပြီးတော့ အိပ်နေတဲ့လူအပေါ်ကို အုပ်မိုးလိုက်တော့ အားကနဲအော်ပြီး ဝုန်းကနဲ့ထလာတဲ့ ထိုလူ....

ယွီဘင်းရေချိုးခန်းတံခါးဖွင့်သံကြားလို့ ကျန်းချန်ထွက်လာပြီမှန်းသိပေမယ့် ဘာအသံမှ ထပ်မကြားတာကြောင့် အဝတ် ဝတ်နေတယ် အထင်နဲ့ ကျန်းချန်အနားလာမာကို စောင့်နေတဲ့အချိန်မာ ရုတ်တရက် သူ့အပေါ်  အုပ်မိုးလာတာကြောင့် သူထအော်လိုက်သည်။ မအော်လည်း ရမလား သူ့အလေးချိန်က ကျောက်တုံးတစ်တုံးလို လေးနေတာ

Our Family (Completed)Where stories live. Discover now