Unicode
"ဒယ်ဒီ ပါပါး မပြီးသေးဘူးလား စော်အော့နောက်ကျတော့မယ် "
ဒီနေ့က စော်အော့လေး ကျောင်းပြန်ဖွင့်တဲ့နေ့မို့ မနက်အစောကြီး ကတည်းက သူတို့ကိုလာနိူးတာ အခုလည်းကြည့် သားကကားရှေ့မာ အသံဆာဆာနဲ့ သူတို့ကိုလှမ်းအော်နေပြန်တာ
အသံအောင်ချက်ကတော့ ရပ်ကွက်ထဲက အဒေါ်ကြီးရဲ့ လော်စပီကာတောင် အရှုံးပေးရတယ်"မောင် တော်တာ့ သားခေါ်နေပြီ"
"ခနပဲကိုကိုရာ "
ပြန်ထိကပ်လာတဲ့ မောင်နှုတ်ခမ်းကို ဒီတစ်ခါတော့ ရှောင်ကျန့်မတုံ့ပြန်ဖြစ်တော့ဘူး မဟုတ်ရင် သားကျောင်းမသွားပဲ နေရမယ်
"ဂါးးးးးးဒယ်ဒီနဲ့ပါပါးကို ယဲ့ဝမ်နဲ့တိုင်မယ်"
စော်အော့စိတ်တိုပြီလေ ဒီလိုဖြစ်မယ်ဆိုတာ မှန်းပြီးသားမို့ စော်အော့အစောကတည်းက ပြင်ဆင်နေတာ ဒါတောင် ဒယ်ဒီနဲ့ပါပါးက အနမ်းခြင်းတွေ ဖလှယ်နေကြသေးတာ ဟူးးးးးး
ဂါးးးးလို့အော်တဲ့သားအသံကြားတော့ ရှောင်ကျန့်က ရိပေါ်ကို တွန်းလိုက်တယ်
ယဲ့ဝမ်ဆိုတော့ ပါးဘယ်တုန်းက ပြန်လာတာလဲ သားကိုတောင် မပြောဘူး ၊ သူ့ကိုတွန်းထုတ်ပြီး မျက်စောင်းထိုးလာတဲ့ကိုကို ကို ရိပေါ်အသဲယားလွန်းတာမို့ ပါးကလေးမွှေးကြူဖို့ ရှေ့တိုးလာပေမယ့် လက်နဲ့ကာထားတဲ့ ကိုကိုကြောင့် ပါးအစားလက်ဖဝါးကို နမ်းရသည်။
"တော်တော့ သွားမယ်"
ရှောင်ကျန့်ကို ရိပေါ်ချွဲဖို့ လုပ်ပေမယ့် လျစ်လျူခံရတဲ့ ရိပေါ်က နှုတ်ခမ်းလေးဆူပြီး ရှောင်ကျန့်နောက်လိုက်ရင်း ကားကိုမောင်းထွက်လိုက်သည်။
ကားပေါ်ရောက်တာနဲ့ စိတ်ဆိုးပုံရတဲ့ သားက ရှောင်ကျန့်ဘာပြောပြော ခေါင်းပဲညိတ်ပြတယ် မျက်နှာကလည်း ဆူပုတ်နေလို့ ကျောင်းရှေ့ရောက်တော့ ဝမ်ပါးကိုမြင်တာနဲ့ ကားပေါ်ကနေ ပြေးဆင်းသွားတဲ့ သား
သူ့ယဲ့ဝမ်လေး စောင့်နေလို့ သားက သူတို့ကို မြန်မြန်လုပ်ခိုင်းတာကို
ဝမ်ပါးတော့ မတွေ့ရတာအတော်ကြာပြီဖြစ်တဲ့ မြေးရဲ့ပါးကို အားရပါးရမွှေးကြူကာ တစ်ခုခုကို အလိုမကျဟန်ရှိတဲ့ မြေးကို မချီလိုက်သည်။
YOU ARE READING
Our Family (Completed)
FanfictionUnicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍