Unicode
"ဝုန်း"
"ဝမ် ဝမ်သခင်လေး"
သူ့ကိုမြင်တော့ စကားပြောနေကြတာရပ်ပြီး သူ့ကိုမျက်လုံးအပြူးနဲ့ အထစ်ထစ်အငေါ့ငေါ့နဲ့ ခေါ်လာတဲ့ဆရာမကို ရိပေါ်ခက်ထန်ထန်ပြန်ကြည့်ပေးလိုက်သည်။
ပြီးတော့ မေးခွန်းတွေ စမေးလိုက်သည်။
ဟိုအဖွားကြီးကို ကြည့်ပြီး တောင်းဆိုသလိုနဲ့ ကြည့်နေတဲ့ဆရာမကို သူစိတ်မရှည်တော့တာမို့ "တောက်"တစ်ချက်ခေါက်ပြီး ပြောမလား ဒီနိူင်ငံကနေ မနေတော့တာလားလို့ မေးမှ ကြောက်ကြောက်လန့်လန့်နဲ့ ပြောလာတဲ့ဆရာမ။
ဆရာမပြောတာတွေကို နားထောင်ပြီး သူလူသတ်ချင်စိတ်တောင် ပေါက်လာတယ်။ ဘာတဲ့ သားနဲ့အရမ်းခင်တဲ့ ဂျီရှောင်းဆိုတဲ့ ဟိုကလေးရဲ့အမေက သားကိုမားမရှိဘူးဆိုပြီး သူ့သားနဲ့ ပေးမကစားတာတဲ့ နောက်ပြီး မားမရှိပဲ ယောက်ျားလေးမွေးလာတဲ့သား အရှက်မရှိလိုက်တာ ဆိုပြီးပါပြောလိုက်တော့ သူသည်းခံနိူင် ဂိတ်ဆုံးပြီလေ။
"ဖြန်း "👋
"ဟေ့ကောင်လေး မင်းကဘာမို့လို့ ငါ့ကိုရိုက်ရတာလဲ"
ဆရာမတော့ ဝမ်သခင်လေးအကြောင်းကို သိသူပီပီ သူတို့ရဲ့လုပ်ရပ်ကိုပါ အမှားပါနေတာမို့ ကြောက်လွန်းလို့တစ်ကိုယ်လုံးတောင် တုန်နေပြီ။
"ဖြန်း👋 "
စော်အော့ငိုနေတာမို့ ရှောင်ကျန့်ကိုစော်အော့နဲ့အတူ ကားထဲမာ ထိုင်စောင့်ပြီး ထွက်သွားတဲ့မောင်က တော်တော်နဲ့ပြန်မလာတာမို့
ရှောင်ကျန့် စော်အော့ကိုချီပြီး ရိပေါ်နောက်လိုက်သွားလိုက်သည်။"မောင် "
"မောင်တော်တော့"
ရှေ့ကအမျိုးသမီးကို ထပ်ရိုက်မလို့လက်ရွယ်နေတဲ့ ရိပေါ်လက်ကို စော်အော့ကိုချီရင်းနဲ့ ရှောင်ကျန့်က ရိပေါ်ရှေ့ကိုလာရပ်လိုက်သည်။
"အော် ဘယ်သူများလဲလို့ ယောကျာ်းဖြစ်ပြီး အရှက်မရှိ ကလေးကိုမွေးတဲ့ကောင်ကို"
သူမစကားကြောင့် ရှောင်ကျန့်ဝမ်းနည်းလာခဲ့သည်။သူ့ကြောင့် သူ့ကြောင့် မောင်ရောသားပါ အခုလိုခံစားရတာ။ သူ့လက်ပေါ်ကသားက ပါပါးကိုမပြောနဲ့ဆိုပြီး ငိုနေသည်။
သူလည်း သားကိုချော့နေတာနဲ့ မောင့်ကိုသတိမထားမိလိုက်ဘူး။သူပြန်သတိရနေတဲ့ အချိန်မာ မောင်ကဟိုမိန်းမ ပါးကိုအဆက်မပြတ် ပြန်ရိုက်ပြီးနေပြီ။
သားကိုချီရင်းနဲ့ပဲ သူမကိုရိုက်နေတဲ့ မောင့်နားကို သူသွားရပ်လိုက်သည်။
YOU ARE READING
Our Family (Completed)
FanfictionUnicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍