Unicode
လေယာဉ်ဆင်းပြီး အိမ်အပြန်လမ်းမာပဲ အိပ်ပျော်နေသော မြေးလေးကြောင့် ရှောင်ကျန့်တို့ကို ဖုန်းမဆက်ရသေးတာ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မြေးလေးကို ရှောင်ပါးအိမ်ထဲ ချီလာလိုက်ပြီး ကုတင်ပေါ်မာ အိပ်စေလိုက်သည်။ အရမ်းပင်ပန်းနေတယ်ထင်တယ် အိပ်နေတာလေးကိုတိုးလို့။
ရှောင်ပါးလည်း အဝတ်အစားလဲပြီး အိပ်ပျော်နေသေးသော မြေးလေးကို ရင်ခွင်ထဲထည့်ပြီး ရှောင်ပါးလည်းအိပ်နေလိုက်သည်။
မြေးလေးနိုးလာရင် ဗိုက်ဆာနေမာစိုးလို့ မြေးလေးအကြိုက်ဖြစ်တဲ့ ဆူရှီထမင်းလိပ်လေးကို အိမ်အဒေါ်ကြီးကို မခိုင်းပဲ သူမကိုယ်တိုင်လုပ်ပေးလိုက်သည်။ အိမ်အကူလေးတွေက မြေးလေးလာတာကို ပျော်နေကြလို့။
အားလုံးစီမာ ၏အမြွေရထားတော့ အချောအလှလေးတွေ မြေးလေးဆီအကုန်ရောက်နေတာ။
ကလေးငယ်လေးဆိုပေမယ့် ချစ်ဖို့လည်းကောင်းသလို အရမ်းလည်းချောနေပြန်သည်။ မြင်သူတိုင်း အသဲယားပြီး အားလုံးရဲ့ အချစ်ခံလေးပေါ့။
မြေးအကြောင့် တွေးရင်းနဲ့ လုပ်ထားတဲ့ဆူရှီလေးလည်း ပြီးနေပြီ။ ဒယ်ဒီကြီးလည်း မတွေ့တာမို့ ရှောင်မားမြေးကို နိုးဖို့တက်လာခဲ့သည်။ (ဒယ်ဒီကြီးဆိုတာ ရှောင်ပါးနော်)
သူမအခန်းတံခါးဖွင့်ကြည့်တော့ ဒယ်ဒီကြီးကမြေးကို ဖက်ပြီးအိပ်ပျော်နေတာမို့ အခန်းတံခါးလေး ပြန်ပိတ်လိုက်သည်။မေ့သွားတာပဲ သားကျန့်တို့ဆီ ဖုန်းမဆက်ရသေးဘူး။ စိတ်ပူနေတော့မာပဲ ရှောင်မားလည်း ဖုန်းယူပြီး သားကျန့်တို့ဆီ ဖုန်းဆက်လိုက်သည်။
........
ရိပေါ်နဲ့ရှောင်ကျန့် အိမ်ပြန်ရောက်တော့ ရိပေါ်က အဒေါ်ကြီး ချက်ပေးထားတဲ့ ဟင်းကိုပြန်နွေးပြီးမှ နှစ်ယောက်အတူ ညစာစားလိုက်သည်။
အရင်က ထမင်းစားပြီး အသီးပန်ကန်နဲ့ဖီလီဖာလာ ဖီလီဖာလာနဲ့ပြောတတ်တဲ့ ကိုကိုက အခန်းထဲတန်းဝင်တော့ ပင်ပန်းတာလား သားကိုလွမ်းနေတာလား
YOU ARE READING
Our Family (Completed)
FanfictionUnicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍