Unicode
"တောက် "
ceoဝမ်ရဲ့ တောက်ခေါက်သံ တစ်ချက်ကြားလို့အပြီးမာ အစည်းအဝေးခန်းမထဲက အပ်ကျသံကြားနိုင်လောက်အထိ တိတ်ဆိတ်နေသည်။ ဘယ်သူတစ်ယောက်မှလည်း အထွန့်မတက်ရဲသလို ဘယ်သူကမှလဲ စကားမပြောရဲဘူး။
ငွေကို လိမ်လည်တဲ့ လူတော့ပျော်နေမလားဆိုတာ သူတို့မသိကြပေမယ့် အခုလောလောဆယ်ဆယ် အစည်းအဝေးခန်းမထဲမာရှိတဲ့ သူတို့က အသက်တောင် ရဲရဲမရှူရဲကြ...
ဒါပေမယ့်
အဲ့တိတ်ဆိတ်ခြင်းကို ဖြိုလဲပစ်က ceoရဲ့ ဖုန်းသံ ၊"ဟဲလို သား"
"ဟဲလို ဒယ်ဒီ စော်အော့ကို မြင်ရလား"
"အင်း "
"စော်အော့လည်း ဒယ်ဒီကို မြင်ရပြီ စော်အော့ဒယ်ဒီကို အရမ်းလွမ်းတာပဲ"
ရိပေါ်သားရဲ့ ခပ်ဆွေးဆွေးအသံလေးကြောင့် ပြုံးနေလိုက်သည် သူပဲအဆော့မက်နေပြီးတော့ တတ်လည်းတတ်နိူင်လွန်းတဲ့ ငလည်လေး...
အစကရိပေါ် သူ့ရဲ့လူယုံလို့လည်း ပြောလို့ရတဲ့သူက ငွေစာရင်းတွေ လိမ်လည်ခဲ့လို့ စိတ်တိုပေမယ့် သားရဲ့ဖုန်းခေါ်လာတာကို မြင်တော့မှ သူ့စိတ်ကို လျော့ချကာ သားဖုန်းကိုကိုင်လိုက်သည်။
အစည်းအဝေးခန်းမထဲဆိုပေမယ့် Vd call နဲ့ဆက်လာတာမို့ တစ်ခန်းလုံး သားအသံက ဟိန်းထွက်လျက်....
အစည်းအဝေးခန်းထဲက ဝန်ထမ်းတွေကတော့ ကျားသစ်ကနေ ကြောင်ဖြူလေးလို နူးညံ့သွားတဲ့ ceoကြောင့် မသိတဲ့သူတွေမရှိသလောက်မို့ ဖုန်းခေါ်လာတဲ့ သခင်ပိစိလေးကို ကျေးဇူးတင်နေကြတာ
"ဒယ်ဒီ ဘာပြုံးတာလဲ ဒယ်ဒီစော်အော့ကို သတိမရဘူးလား "
အော်ဟော့ ဘယ်လိုဖြစ်သွားတာလဲ ပထမစကားက အစွာလေးလေသံနဲ့ ပြောပြီးတော့ နောက်စကားကြမှ နှုတ်ခမ်းလေးဆူပြီး ငိုတာ့မယ့်ရုပ်ဖြစ်သွားတာ တကယ်ဘာလေးမှန်းကို မသိဘူး
"အင်း "
"ဘာအင်းလဲ အီးးးးးးဒယ်ဒီ စော်အော့ကိုမချစ်တော့ဘူးလား"
တကယ်ကြီး ထငိုလိုက်တဲ့ သားကြောင့်
"ဒယ်ဒီလာခေါ်မယ် မငိုနဲ့တော့"
VOCÊ ESTÁ LENDO
Our Family (Completed)
FanficUnicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍