Unicode
မုန့်စားပြီးလို့ မောင်ခင်းပေးထားတဲ့ အခင်းပေါ်မာ ထိုင်ပြီးစာရေးနေတဲ့စော်အော့ အနားကိုရှောင်ကျန်းသွားထိုင်လိုက်သည်။ စော်အော့က မူကြိုမပို့ရသေးဘူးဆိုပေမယ့် အိမ်မာရှောင်ကျန်းနဲ့ စာရေးတာလေ့ကျင့်ခဲ့တာမို့ အကုန်မတတ်သေးရင်တောင် နည်းနည်းလေးတော့ ရေးတတ်နေပြီ။ ကဗျာတွေ သီချင်းတွေဆို သူအကုန်တတ်။
"သားစော်အော့ စာတွေရေးနေတာလား"
"ဟုတ် ပါပါး"
"လိမ္မာလိုက်တာ စော်အော့လေးက ဘာစာတွေရေးနေတာလဲ"
"ဒီမာလေ ပါပါး BJYXSZD "
"ဝါး ပါပါးသားလေးက တော်လိုက်တာ"
"ဟီး "
ပါးဖောင်းဖောင်းနဲ့ အရွယ်နဲ့မလိုက်အောင် သင်ပေးသမျှ တတ်လွယ်လွန်းတဲ့သားကို ရှောင်ကျန်းမချီးကျူးပဲ မနေနိူင်။
ကိုယ့်သားမို့ ပြောတာမဟုတ်ဘူးနော် စော်အော့လေးက တကယ်တော်တာ။ သူတောင် တစ်ခါတစ်လေ အဲလိုမျိုး အသေးစိတ်လိုက်မမှတ်မိဘူး။ ဟီးကနဲသူ့ကိုရယ်ပြနေတဲ့သားကို ရှောင်ကျန်းအသဲယားလို့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။
......အပ်ကျသံတောင် မကြားရတဲ့အထိ တိတ်ဆိတ်နေတဲ့ အစည်းအဝေးခန်းမထဲမာ တံခါးဖွင့်သံကြားလို့ အားလုံးရဲ့အကြည့်တွေက တံခါးပေါက်ဆီကို...
"ဒယ်ဒီ "
စာအုပ်လေးကိုင်ပြီး သူ့ဆီပြေးလာတဲ့ သားစော်အော့ကို မြင်တော့ ရိပေါ်က သူထိုင်နေတဲ့ ထိုင်ခုံပေါ်ကနေ ထလာပြီး စော်အော့ကို မချီလိုက်သည်။
"အင်း ဒယ်ဒီဆီလာတာလား ပါပါးရော"
"ပါပါးအိပ်နေတယ် စော်အော့က စာရေးပြီးလို့ ဒယ်ဒီကိုလာပြတာ "
YOU ARE READING
Our Family (Completed)
FanfictionUnicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍