Part-7(U & Z)

2.4K 251 22
                                    

Zawgyi.......

မနက်ခင်းနေရောင်ခြည်ရဲ့္တောက်ပနေတဲ့အလင်းရောင်နဲ့အတူ လွန့်လူးနိုးထလာတဲ့သူကတော့ Gymဆော့ထားတာကြောင့် တောင့်တင်းတဲ့bodyနဲ့ absတွေပိုင်ဆိုင်ထားတဲ့ ဂျောင်ကုပင်။

ညက အပျော်လွန်နေတာမို့ အိပ်မပျော်ဘဲ မိုးသောက်ချိန်နီးမှ အိပ်ပျော်သွားပေမယ့် အချစ်စိတ်ကြောင့်နိုးလာတော့လဲ လန်းဆန်းနေဆဲ..

ထို့နောက် ဂျီမင်းကို phဆက်ဖို့သတိရသွားကာ ဖုန်းလေးကိုကောက်ယူပီးခေါ်လိုက်သည်

"Jk ဘာလဲ စောစောစီးစီး "

"မင်းကိုငါပြောစရာရှိလို့.... "

"ဘာပြောမလို့လဲပြောလေ မင်းအသံကတအားရွှင်လန်းနေပါလား ဘာတွေများ ပျော်စရာတွေ့နေလဲ "

"ပျော်ဆို မနေ့က appa ငါ့ကိုဘယ်သူနဲ့မိတ်ဆက်ပေးလဲသိလား "

စကားကိုအဆုံးအစမရှိပြောတတ်တဲ့ဂျောင်ကုရယ်ပါ..

"မင်းမပြောဘဲ ငါက ဘယ်လိုသိမလဲ "

"မနေ့ကငါ့appaသူငယ်ချင်းအိမ်ကိုငါတို့မိသားစု သွားကြတယ် အ့မှာငါသိလိုက်ရတာက ကင်ဆော့ဂျင်က appaသူငယ်ချင်းရဲ့ သားဖြစ်နေတယ်"

"ဟုတ်လား အ့တာဖူးစာဘဲ မင်း ကြိုးစားနော် "

ဘယ်သူ့ အားကိုးနဲ့မြှောက်ပေးနေမှန်းမသိတဲ့ ပတ်ဂျီမင်း....

"သူက အခုထိငါ့ကို ကြည့်မရတုန်းဘဲ"

"မင်းကဘဲ အလျော့ပေးလိုက်ပေါ့.... ဒီနေ့ companyမသွားဘူးလား "

"သွားမှာ မင်းကိုပြောပြချင်လို့phဆက်လိုက်တာ "

"အ့ဆိုလဲဒါဘဲလေ ငါလဲ companyသွားဖို့ပြငိလိုက်ဦးမယ် ဒါနဲ့ မနက်ဖြန် sundayကျရင်

ငါနဲ့ကိုကို BBQကင်စားမှာမလို့ မင်းလာခဲ့လေ ငါ့အိမ်ကို hyungကိုပါခေါ်ထားပေးမယ် "

"Ok bye. .."

ဂျီမင်းကိုနှုတ်ဆက်ကာ phချပီး companyသွားဖို့သာပြင်လိုက်သည် hyungကိုပါခေါ်ထားပေးမယ်ဆိုတဲ့စကားကြောင့် တက်ကြွနေတော့သည်

ကင်ဆော့ဂျင် ခင်ဗျားက ကျွန်တော့်အပိုင်ဖြစ်လာစေရမယ် ကျွန်တော် ခင်ဗျားကို သိပ်ချစ်တယ်.....

Love At First Sight (Completed)Where stories live. Discover now